Sunday, December 1, 2013

သုဇာတာသေဌေးကတော်။

    သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ သေနိယသေဌေးကြီး၏သမီး ဖြစ်
သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==
         သုဇာတာသေဌေးကတော်သည် ဗုဒ္ဓအလောင်းတော်အား ညောင်စောင့်နတ်ထင်မှတ်၍ ရွှေ
ခွက်နှင့်တကွ နို့ဃနာဆွမ်းကို ဆက်ကပ်၏။ “ကျွန်ုပ်တို့၏ စိတ်နှလုံး အလိုဆန္ဒ ပြည့်ဝသကဲ့သို့  အ
ရှင်တို့၏ အလိုဆန္ဒလည်း ပြည့်ဝပါစေသတည်း” ဟု ဆုတောင်း၏၊ ဆုတောင်းပြည့်၍ သား “ယသ”
ကို ရ၏။
         နောင်အခါတွင် သုဇာတာ၏ခင်ပွန်းသေဌေးကြီးက ပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာသည် အရှင်ယသ
ကို နောက်ပါ ရဟန်းပြု၍ သုဇာတာသေဌေးကတော်အိမ်သို့ ဆွမ်းဘုဉ်းပေးကြွ၏။ မြတ်ဗုဒ္ဓ၏ ဟော
ကြားတော်မူသော ဓမ္မဒေသနာ ဆုံးသောအခါ သေဌေးကတော် သုဇာတာသည် သောတာပတ္တိဖိုလ်
၌ တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။
         ဗုဒ္ဓမြတ်စွာသည် ရှေးဦးစွာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံသို့ ရောက်
ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပလိကာတို့တွင် သေနိယသေဌေး၏သမီး သုဇာတာသည်
အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြင့်တော်မူလေသည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
---------------------------
ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ.....
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။ ။
(ဦးပုည)

No comments:

Post a Comment