Tuesday, February 4, 2014

လူဖြစ်ကျိုး မရှုံးစေနဲ့။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေနဲ့ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဟာ
ဒါနကုသိုလ်၊   သီလကုသိုလ်၊   သမထဘာဝနာကုသိုလ်၊   ၀ိပဿနာဘာဝနာကုသိုလ်၊
မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။  စီးပွားဥစ္စာ

ရှာဖွေခြင်းသည်ပင်  ထို ကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။    သုံဆယ့်
တစ်ဘုံတွင် အပါယ်လေးဘုံသည် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်
မျှ ပြုလုပ်၍မရပါ။   နတ်ဘုံခြောက်ထပ်နှင့်  ဗြဟ္မာ့ဘုံ နှစ်ဆယ်သည်ကား     ချမ်းသာ
သုက္ခတွေ များလွန်းအားကြီး၍  ကုသိုလ်တရား များကိုပင်  တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍
မရပြန် ဖြစ်ပါတယ်။
         နတ်ပြည်ခြောက်ထပ်နဲ့ လူ့ဘုံပေါင်းလျှင် ကာမသုဂတိ ခုနှစ်ဘုံလို့ခေါ်ပါတယ်။ ဒီ
ဘုံမှတစ်ဆင့် အောက်အပါယ်လေးဘုံ မရောက်ရန်လိုပါတယ်။  နတ်ပြည်၊   ဗြဟ္မာပြည်၌
အလှူခံ မရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်မျှ မရနိုင်ပါ။ ထို့ကြောင့် ဤသုံးဆယ့်တစ်
ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို  ဆည်းပူးအားထုတ်၍   ရပါ
တယ်။  ထို့ကြောင့် ပစ္စည်းဥစ္စာကို များများရအောင် ရှာသလို များများလည်း  လှူဒါန်းရပါ
မယ်။ အလှူဒါနပေးသူနှင့် ယူသူတွင် ပစ္စက္ခမျက်စိဖြင့် ကြည့်ပါက ယူသူကသာရပါတယ်။
သံသရာမျက်စေ့ဖြင့်ကြည့်ပါက ပေးသူကသာ ရပါတယ်။  အဲဒီလို သံသရာ တစ်လျှောက်
ထိ ထိုးထွင်း၍ သိသောပညာကို တကယ့်ဉာဏ်ပညာဟု ခေါ်ပါတယ်။
         လူဖြစ်ဖို့ရန် ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပေး၍မရပါ။ မိမိရဲ့ကုသိုလ်အစွမ်း တဏှာ၊
ဥပါဒါန်၊ ကံတို့ကြောင့် ဖြစ်ရတာပါ။ လူဖြစ်လာခိုက် လူဖြစ်မရှုံးရအောင် ပြုဖွယ်ကိစ္စ ဒါန၊
သီလ၊ ဘာဝနာကို မမေ့မလျော့ ပြုစေချင်တဲ့ မေတ္တာစွမ်းအားဖြင့် မန္တလေးမြို့၊ မန်းတောင်
ခြေ၊ ပညာမဂ္ဂင် မိုးကုတ်ဝိပဿနာရိပ်သာ ဦးဓမ္မဉာဏ(သာသနဓဇ၊ ဓမ္မာစရိယ) ဆရာတော်
က အောက်ပါ “ မရှုံးစေနဲ့ ” ကဗျာလေးဖြင့် သတိပေးထားပါတယ်။
         “ မရှုံးစေနဲ့ ”
         =======
ပေမှာတသီး         ကျီးမာတသား
တံထွာလောက      သဘာဝသို့
အိုခြင်းသေခြင်း     ဤဖြစ်ခြင်းလဲ
တဘ၀မှာ            တခါသာတည့်...
လူနတ်ထိုထို         တကြိမ်အိုက
တဖန်ပျိုမျိုး          မရှိရိုး - တည်း...
ထို့တူသေမင်း        တခါနင်းက
တဖန်ရှင်ရိုး          ထုံးစံမျိုးသည်
သေပြီးနောက်မှာ   မရှိပါခဲ့.......
 { မေတ္တာရှင်( ရွှေပြည်သာ )၏ မေတ္တာဖြင့်စီးပွားရှာခြင်းနှင့် ဦးစောဝင်းထွန်း၏ စူဠသော
       တာပန်မှ မဟာသောတာပန်သို့ တို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment