ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏။ အမိမှာ အလွန်ဆင်းရဲလှသော အမျိုးသမီးတစ်ဦး
ဖြစ်၏။ ဖခင်မှာ ၀ိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသောကြည်ညိုဖွယ်ဂုဏ်ရည်များမှာ
အောက်ပါအတိုင်း ဖြစ်လေ၏။
ဇဋိလသည် ကုန်သည်တစ်ဦး၏ အိမ်တွင် သားအဖြစ်နေစဉ် ၁၂- နှစ်က ရောင်းမကုန်သော
ကုန်ပစ္စည်းများကို တစ်နေ့တည်းနှင့် ရောင်းစွံ၏။ သူကြွယ်ကြီးကပင် “အဖိုးမဖြတ်နိုင်အောင် ထိုက်
တန်သည့် ယောက်ျား၊ ချမ်းချမ်းသာသာ အသက်ရှင်နိုင်မည့်သူ” ဟု သိ၍ သမီးကညာနှင့် လက်
ဆက်ကာ အိမ်တစ်ဆောင် မီးတစ်ပြောင်ထား၏။ အိမ်တက်မင်္ဂလာ ပြုလုပ်သောအခါ အိမ်၏ နောက်
ပိုင်း၌ ရွှေတောင်ကြီး ပေါက်လေ၏။ သေဌေး ထီးဖြူရလေ၏။ သား ၃- ယောက်၏ဘုန်းကံကို စမ်း
ပြီးသောအခါ သေဌေးကြီးက==
“ဤ ရွှေတောင်ကြီးသည် ငါနှင့် ငါ့သားငယ် ဘုန်းကံကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သားကြီးတို့သည် ညီငယ်နှင့် တစိတ်တပေါင်းတည်း ဖြစ်ကြကာ စားသုံးကြလော့” ဟု မှာကြား၍
မြတ်ဗုဒ္ဓထံ၌ ရဟန်းပြု၏။ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပွားများအားထုတ်ကြိုးကုတ်သဖြင့်
၂ ရက်၊ ၃ ရက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာဖြစ်လေ၏။ သား ၃-ယောက်
တို့သည် မြတ်ဗုဒ္ဓအမှူးရှိသော ရဟန်းသံဃာများအား လ၀က်ပတ်လုံး ဆွမ်းအလှူဒါနကို ပေးလှူကြ
ကုန်၏။
အရှင်ဇဋိလနှင့် ပတ်သက်၍ ရဟန်းတို့ ပြစ်တင်စကားဆိုရာ၌ မြတ်ဗုဒ္ဓက “ရဟန်းတို့- ငါ့သားတော် ဇဋိလရဟန်း၏ သန္တာန်မှာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း၊ မြတ်နိုးခြင်း
အလျှင်းပင် မရှိတော့ချေ” ဟု မိန့်တော်မူပြီးလျှင် တရားဟောတော်မူ၏။ ဒေသနာအဆုံးတွင် များ
စွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်လေသည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment