Saturday, May 17, 2014

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။

        ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀
ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။

         လူအများမှာ ၅ ပါး သီလ၊ ၈ ပါး သီလ၊ (၈ ပါး သီလတွင် မေတ္တာစိတ်ထားကို ထည့်၍ )
၉ ပါး သီလ၊ အာဇီဝဌမက သီလ များကို ဆောက်တည် စောင့်ထိန်း ကြရ၏။ စွမ်းနိုင်လျှင် ၁၀
ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ (၀ိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဌ၊ ၁၉၄ )
         ကဿပ ဘုရားရှင် လက်ထက်တော် အခါ၌၊ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏
သမီး ၇ ယောက်၊ ဂေါတမဘုရားရှင် လက်ထက်တော်အခါ၌ ဟတ္ထက ဥပသကာ၊ ဟတ္ထာဠ၀က
ဥပသကာ စသည်တို့  ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် ထိန်းသိမ်းကြပါ၏။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment