ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
၁။အာဝါသ မစ္ဆရိယ= အဆောက်အဦး ကောင်းကောင်းဖြင့် ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
၂။လာဘ မစ္ဆရိယ = ကိုယ်သာ လာဘ်လာဘ စီးပွါးဥစ္စာ ပေါများလိုပြီး အခြား
သူများကို မပေါများစေလိုခြင်း။
၃။ကုလ မစ္ဆရိယ =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊ ဒကာများအား အခြား
သူများထံသို့  အသွားအလာ အဆက်အသွယ် မရှိစေလိုခြင်း။
၎။ဝဏ္ထ မစ္ဆရိယ = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို မချီးမွမ်း နိုင်ခြင်း။
၅။ဓမ္မ မစ္ဆရိယ =တရားသဘောကို မိမိသိသလို သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။
ဒါကြောင့် မိမိတို့ကလည်း ကိုယ့်ထက်သာတဲ့သူအပေါ် “ မုဒိတာ ” ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး၊ ကိုယ့်ထက်နိမ့်တဲ့သူအပေါ် ဂရုဏာထားနိုင်ကာ တစ်ဆင့်ပြီးတစ်ဆင့်၊
ကောင်းသထက်ကောင်း၊ မြင့်သထက်မြင့်ကာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို မျက်
မှောက်ပြု ခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
{မေတ္တာဖြင့် စီးပွားရှာခြင်း(အရှင် ဇ၀န) ကို ကိုးကားရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment