ယနေ့ခေတ်မီဖွံ့ဖြိုးတိုးတက်လာသောအခါသမတွင် အိုင်တီနည်းပညာဖြင့်ကင်းသူအတော်ရှားပေမည်၊ အထူးသဖြင့်တယ်လီဖုန်းဆင်းကဒ်များ ဈေးပေါပေါဖြင့်အလွယ်တကူဝယ် ရလာပြီးတန်းဖိုးသင့်ဟမ်းဆက်များနှင့်တွဲအသုံးပြုလာတဲ့အခါမှာ တဦးနဲ့တဦး အလွယ်တကူဆက်သွယ်ပြောဆိုနိင်ကြ၍
အကျိုးကျေးဇူးများစွာ
ရရှိတာကိုလူတိုင်းငြင်းကြမှာမဟုတ်ပါဘူး၊ ကောင်းကျိုးနဲ့အတူတွဲလာတဲ့ပြသနာလေးကတော့
ချက်တင်ဇယား၊ အကြုဇယားတွေပါဘဲ ဟိုးအရင်အင်တာနက်ပေါ်စအချိန်တုန်းက MIRC လို့လူသိများတဲ့ချက်ရွမ်းကစလို့ G Talkခေတ်မှသည်၊ ယခုအများသုံးနေကြတဲ့ Facebook လို့ခေါ်တဲ့လူမှုကွန်ယက်ကြီး
အထိ သုံးလာကြတဲ့အခါအချို့ကလဲအပြင်ဖြေသုံး၊ အချို့ကလည်းအဝေးရောက်သူငယ်ချင်းမိတ်ဆွေသူငယ်ချင်းများ၊
ကျောင်းနေဖက်သူငယ်ချင်းများ၊ အတူတကွအွန်လိုင်းတွင်ဆုံနိင်ကြရန်သုံးကြပါတယ်၊ စီးပွားရေးလုပ်ငန်းကြီးတွေတောင်
/facebook.com ဆိုတာမျိုးမပါရင် မပြည့်စုံသလောက်ထင်ရှားကျော်ကြားလှပါတယ်၊ကျနော်ပြောချင်တဲ့အကြောင်းလေးကတော့ ဘယ်လိုဘဲသုံးသုံးကောင်းကျိုးအတွက်သုံးတာကတော့ ကိုယ်လဲအကျိုးရှိ
သူများလဲမထိခိုက်ရင် ပြသနာမရှိဘူးပေါ့၊ အပျော်သုံးရင်းကနေအပျက်ဖြစ်သွားတာတွေလဲနေ့စဉ်တွေ့နေရပါတယ်
ပိတ်သတ်ကြီးလည်းဖတ်ရမှာပါ၊ထိုင်းနိင်ငံမှာအသတ်ခံလိုက်ရတဲ့မြိတ်သူလေး၊ အိန္ဒိယနိင်ငံမှာကိုယ့်ကိုကိုယ်သတ်သေ
သွားတဲ့ကောင်မလေး၊ ချက်တင်မှာကောင်လေးပုံနဲ့ချက်နေပေမယ့်တကယ်တွေ့တဲ့အခါအသက် လေးဆယ်ကျော်လူ
ကြီးဖြစ်နေပြီး အဒေါ်ဆီကရွှေတွေခိုးပေးလိုက်လို့အမှုဖြစ်နေတဲ့ဆယ်တန်းကျောင်းသူလေး၊ဖြစ်စဉ်အားလုံးရေးပြရရင်
စာအုပ်တအုပ်ဖြစ်သွားမှာမို့ ဆက်မပြောပြတော့ပါဘူး၊ ကျနော်အဓိကတင်ပြချင်တာလေးကိုဘဲဆက်ပြောပါမယ်၊
ဒီမှာစပြောချင်တာက တန်ဖိုးသင့်ဟမ်းဆက်လေးတလုံး ရှိတာနဲ့ဆင်းကဒ်တကဒ်ဝယ် ဖေ့ဘုတ်အကောင့်လေးတခု
ဖွင့်ပြီး အွန်လိုင်းဝင်မိမိစိတ်ကူးယဉ်တဲ့အတိုင်းဖြစ်ချင်တာဖြစ်လို့ရပါပြီ ကျဘမ်းအလုပ်လုပ်သူကလဲကုန်သည်ပြောမယ်
ဘိလပ်မြေ၊မာဆလာထမ်းသူကလည်း၊အင်ဂျင်နီယာပြောရင်ဖြစ်တယ်၊ ဆိုက်ကားနင်းသူကလည်းလေယာဉ်မောင်းသူ
ပိုင်းလော့ဖြစ်နိင်တာဘဲ၊ ကျနော်ဘယ်သူ့ကိုမှနှိမ်ချပြောတာမဟုတ်ပါဘူး လူဆိုတာဘ၀ပေး ကုသိုလ်ကံအရအသက်မွေး
ဝမ်းကျောင်းမှု နိမ့်ချင်နိမ့်မယ်မြင့်ချင်မြင့်မယ် သမာအာဇီဝနည်းနဲ့အသက်မွေးပြီး၊ကိုယ်ကျင့်သိက္ခာကသာလူတယောက်
ရဲ့တကယ့်တန်ဖိုးပါ၊ အဲ့ဒီကိုယ်ကျင့်သိက္ခာကိုလဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငါးပါးသီလနဲ့တိုင်းတာကြပါတယ် ကံငါးပါး
မှာ ဘယ်ကံကအပစ်အကြီးဆုံးလဲ...?စာဖတ်သူဖြေကြည့်ပါအုန်း...စာဖတ်သူစိတ်ထဲကအဖြေကိုမှတ်ထားလိုက်၊ နောက်ပြီးတော့မှအဖြေတူမတူပြန်တိုက်ကြတာပေါ့...၊ ဒီနေရာမှာဇတ်ထဲက လူရွှင်တော်တွေပျက်လုံးတဲ့ ပျက်လုံးလေး
တခုပြောပြမယ် လူနှစ်ယောက်က တယောက်ကိုတယောက် ဘယ်လောက်အကျင့်ကောင်းလဲ တိုင်းတာကြတာ ကိုဖြုက
ကိုမဲကိုမေးတယ်၊+ မင်းသူများအသက်သတ်ဖူးလား.? x ကိုမဲက..မသတ်ဖူးပါဘူး၊+ သူများပစ္စည်းကောခိုးဘူးလား..?
x မခိုးဖူးဘူး..+ သူများသားမယားကောပစ်မှားသလား.. x လုံးဝမလုပ်ပါဗျာ....+ မင်းယောင်္ကျားလေးဘဲ အရက်တော့
သောက်မှာပေါ့..x အနံတောင်ခံလို့မရပါဘူးဗျာ..ကြိုက်ပြီးနောက်ဆုံးတခု + မုသာဝါဒ လိမ်ညာပြီးပြောသလား.......
x အင်းးးးးးးးးးဘယ်လိုပြောမလဲ နဲနဲလေးတော့လိမ်ပြောတယ်ဗျာ....+ သေပြီဆရာ????? ကဲဘယ်နဲ့ရှိစ ပိတ်သတ်ကြီး
ရေ ညာပြောပါတယ်ဆိုမှတော့ ရှေ့ကကံလေးပါးကောလုံတယ်ဆိုတာ..ဟုတ်ပါ့တော့မလား...?ဒါကြောင့် မုသာဝါဒကံက
အရေးအကြီးဆုံးနဲ့ အပစ်အကြီးဆုံးဖြစ်ပါတယ် ..၊ ခင်ဗျာ..? သူများအသက်သတ်တဲ့ ပါဏာတိပါတကံကဘာလို့အပစ်
အကြီးဆုံးမဟုတ်လဲ...?ဟုတ်လား...? နဲနဲရှင်းပြမယ် လူတယောက်ရဲ့နှုတ်ထွက်စကားတခွန်းဟာ ဓါးတလက်ထက်ပို
ကြောက်ဖို့ကောင်းပါတယ် ဓါးတလက်ဟာလူ တယောက်ကိုသေစေနိင်ပေမယ့် စကားတခွန်းကတော့လူပေါင်းရာထောင်
ချီသေနိင်တယ်ဆိုတာ သဘောပေါက်မှာပါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မိမိရင်သွေးဖြစ်တဲ့ ရာဟုလာကို မိဘ
တယောက်အနေနဲ့ဘယ်လိုဆု့းမလဲဆိုရင် xxxချစ်သားရာဟုလာ မုသားစကားဟုဆိုလျှင် အပျော်သဘောမျှပင်မဆိုလေ
နှင့်အပစ်ရှိပါတယ်xxx ဘုရားရှင်ကဒီလိုဆုံးမခဲ့ပါတယ်..၊ကဲ...ဖေ့ဘုတ်ကနေဘဲဖြစ်ဖြစ်၊MY Chat ၊ကနေပြောပြော
BeeTalk ၊ကနေဘဲကြုကြု အနည်းနဲ့အများ လိမ်ပြောကြတော့မယ်ဒီမှာ မုသာဝါဒကံကျူးလွန်နေပြီတချို့ဘာသာရေး
လုပ်သူများမနက်က ယူထားတဲ့သီလကိုနှမျောစရာနော် ဒီထက်ဆိုးတာတခုက မိန်းခလေးရှင်ဖက်ကဖြစ်ဖြစ် ယောင်္ကျား
လေးဖက်က ဖြစ်ဖြစ်အိမ်ထောင်သည်ဆိုရင် ကာမေသုမိစ္ဆာစာရပါ ပူးတွဲပါလာပြီနော် ရင်လေးစရာဘဲတနာရီကြုနေရင်
တနာရီစာဖုန်းဘေကုန်၊ ဘက္ကထရီကုန်၊ အပါယ်ကိုတစ်နာရီစာ VISA ကြိုယူထားသလိုဘဲနော်ကြောက်စရာ၊ ကိုယ်ဒီလောက်ရင်းပြီးဘာပြန်ရလဲ..? ခဏတာစိတ်ကြည်နူးမှုလေးဘဲပြန်ရတာ တန်ရဲ့လားဗျာ ဒီထက်ဆိုးတာ တင်ပြရရင် ပရိုဖိုင်းမှာ အိမ်ထောင်သည်ပါလို့ အတိအလင်းဖေါ်ပြထားသော်လည်း E လိုမတတ်လို့လား၊ သိသိကြီးနဲ့
ဝင်လုံးတာလား၊မမလို့ခေါ်လိုခေါ်ရီးစားစကားတွေအတင်းဝင်ပြော တဖက်ကအမျိုးသမီးကလည်းကြာလာတော့ သာယာ
ရင်သာယာမိမှာပေါ့ လိပ်စာမသိအမှတ်မရှိ၊ဘာလုပ်မှန်းလဲမသိကြဘူးနော်၊ဒါကိုသာယာမိလို့ ကိုယ့်ဘ၀အမှန်တွေလိပ်
စာတွေပြော ဓါတ်ပုံတွေပို့မိလို့ကတော့ မုသာဝါဒ၊ကာမေသုမိစ္ဆာ၊အပြင်အန္တရယ်ကိုပါဖိတ်ခေါ်မိသလိုဖြစ်သွားနိင်ပါတယ်
ရပ်ကွက်ထဲကအလုပ်မရှိအကိုင်မရှိ ၁၀၉၊၁၁၀ လေးတွေလဖက်ရည် ၀ိုင်းမှာပြောသံကြားနေရတာတော့ စော်ကြီးကလန်းတယ်ပုံထဲမှာ နောက်ပြီသူက(လွတ်သီး) ကြီးကွ အချိန်ပြည့်အွန်လိုင်းမှာရှိတယ်၊ ဘာလဲလွတ်သီးကျနော် လေ့လာလိုက်တော့မှ သင်္ဘောသားမိန်းမ၊ လင်ခရီးထွက်နေတဲ့မိန်းမ၊ လင်ရှိသော်လည်း
အပြင်းပြေချစ်တမ်းကစားချင်တဲ့ မိန်းမများကိုဆိုလိုပါသတဲ့ ပိတ်သတ်ရေ ဒါကြောင့်အချိန်ကုန်ငွေကုန်ပြီး အပါယ်ကို
VISAယူအန္တရယ်ကိုဖိတ်ခေါ် ပြီးကိုယ့်အိမ်ထောင်ဖက်သိသွားရင်လည်း သိက္ခာကျအရှက်ရစရာမို့ (ဆန္ဒကိုသိက္ခာ)နဲ့
ထိန်းနိင်တဲ့ အမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေဖြစ်ကြပါစေလို့ဆုတောင်းရင်းနားဦးမယ်ဗျို့....။
(မူကြိုဆရာ)
No comments:
Post a Comment