တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့်
အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ ဟု မေးလျှောက်သောအခါ=====
ဘုရားရှင်က ‘‘ အနုရုဒ္ဓါ, အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့်
တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ အချက်သုံးချက်က ---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)မှ။
ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊
ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်ပါတယ်။ နံနက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ “မစ္ဆရိယစိတ်” စ,ဖြစ်တယ်လို့ ဆိုပါတယ်၊ နေ့လည်ပိုင်းရောက်လာတော့လည်း သူတစ်ပါး
ပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ “ဣဿာစိတ်” ဖြစ်တတ်တယ်ဟုဆိုပါတယ်။ ညပိုင်းတွင်ဆိုရင်
အမျိုးသမီးများ “ရာဂစိတ်” ပိုဖြစ်တယ် ဆိုပါတယ်။
သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူ အမျိုးသမီးများလည်း ရှိပါတယ်။ ထို့ကြောင့်
နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်ပါတယ်။ ထိုသုတ်အဆိုအရ ထိုအချက် သုံးရပ်ဖြင့် အဖြစ်များသူများကိုသာရည်ညွှန်းပြီး အမျိုးသမီးအားလုံးကို မဆိုလိုပါ။ ဖြစ်တတ်တဲ့သဘောကြောင့် ငရဲကျရောက်တတ်တယ်ဟု
ဆိုလိုပါသည်။
{ သင်ကြားလေ့လာဗုဒ္ဓဘာသာ(သီတဂူစတား)မှ ကောက်နုတ်ပြီး (ဘုရားဟောတရားတော်ကို
အပြုသဘောဆောင်) ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment