မေး။ ။ သမီးကြားဖူးသည်မှာ အပျိုးကြီးဘဝ ရခဲလှတဲ့ ဒုလ္လဘလို့ ကြားဖူးပါတယ်။ အပျိုကြီးများ အားတက်ဖွယ် ပြောကြားပေးပါ။
ဖြေ။ ။ ဘုန်းကြီးတော့ မကြားဖူးပါဘူး။ သူက အပျိုကြီးမို့လို့နေမှာ။ ငါကတော့ အားပျက်ဖွယ် ဖြေကြားချင်ပါတယ်။ လူဖြစ်ရင် လူ့တာဝန်ကိုထမ်းဆောင်ရမှာကိုး။
ဦးပဉ္ဇင်းတစ်ပါးရှိတယ်။ သူကိုယ်တိုင် ပြောပြတာ။ သူက လူ့ဘဝတုန်းက မိန်းမစိတ်မဝင်စားဘူး။ လူပျိုကြီးပဲ ဖြစ်နေတာပေါ့။ အသက်လေးဆယ်ကျော်လောက်ကျတော့ သူ့ကို သူ့ဦးလေးက ဆုံးမတယ်။ မောင်ထင်ပဲ ထားလိုက်ပါတော့။
"မောင်ထင် . . မင်းကလူလည်းမဟုတ်ဘူး၊ သူလည်းမဟုတ်ဘူး"တဲ့။
"ဘာဖြစ်လို့တုန်းဗျ"။
"လူဆိုရင်လည်း လူအလျောက် အိမ်ထောင်သားမွေးပြီးတော့ကိုယ့်သားမယား တာဝန်ကို ကိုယ်ထမ်းဆောင်ရတယ်"တဲ့။ အဲဒါကို လူလို့ခေါ်တယ်။
သူဆိုတာက သူတော်ကောင်း၊ ဘုန်းကြီး ဝတ်ပြီးတော့ တရားအားထုတ်ရတယ်။ မင်းက ဘုန်းကြီးလည်း မဝတ်ဘူး။ မိန်းမလည်း မယူဘူး။ ဘယ်မှာမှ မပါတော့ဘူး။ တစိခုခုတော့ လုပ်ရတယ်။
အခုတော့ သူက ဘုန်းကြီးဝတ် သွားတာ မြဲသွားပြီ။ အဲဒီတော့ အပျိုကြီးတွေလည်းပဲ လူမဟုတ်၊ သူမဟုတ်တဲ့ထဲမှာ ပါတယ်။
အဲဒီတော့ လူသူဖြစ်အောင်တော့ လုပ်ကြပေါ့နော်။ သီလရှင်ဝတ်ပြီးတော့ သာသနာ့ဝန် ထမ်းဆောင် ရင်လည်း ထမ်းဆောင်ပေါ့နော်။ ဒါမှမဟုတ်ရင် ယောဂီဝတ်ပေါ့။ နို့မို့ဆို အိမ်ထောင်ပြုကြ။ မြန်မာတွေက နည်းတယ်ဆိုတော့ ကလးမွေးကြပေါ့။
ဒါပါပဲ . . . တစ်ခုရှိပါတယ်။ ခရစ်ယာန်ဘာသာကနေ နောက်မှ ဘုန်းကြီးဖြစ်တာ။ သူ့အသက် ၃၅ လောက်မှာ ဗုဒ္ဓဘာသာဖြစ်တာ။ သူက လူပျိုကြီးဆိုတော့ ဘေးက မြှောက်ပေးကြတယ်။ အိမ်ထောင်ပြု၊ ဒါမှ အသက်ကြီးလာရင် ဆေးပေး-မီးယူ ပြုစုမယ့်သူ ရှိမှာတဲ့။
အဲဒါသူကပြန်ပြောတယ်။ အိမ်ထောင်ပြုလို့ရှိရင် ဆေးပေးမှာက တစ်ခါ မီးယူမှာက ဆယ်ခါတဲ့။ ဟုတ်တယ်လေ။
ပူလောင်မှုက များတာကိုး။ အဲဒီတော့ တစ်ယောက်တည်း နေပြီး၊ တစ်စိတ်တည်းထားပြီးတော့ တရား အားထုတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လို့ ဖြေကြားပါတယ်။
●●တစ်ခုတော့ သတိထား။ အဲဒီလို အပျိုကြီးတွေက အစွန်းရောက် ဘာသာခြားနဲ့ ရတတ်တယ် သိလား။ အဲဒီ အစွန်းရောက်တွေကအဲဒီလို အပျိုကြီးတွေကိုမှ စောင့်ဖမ်းတတ်တယ်။
●●သတိထားကြ . . . မယူရင်တော့ ဘာမှမယူနဲ့။ (ဘာသာခြား၊ လူမျိုးခြား) ကိုတော့ သွား စိတ်မကူးနဲ့။
ဆရာတော် အရှင်ဇဝန
(မေတ္တာရှင်-ရွှေပြည်သာ)
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်
No comments:
Post a Comment