မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို ““အာ၊ ဗော၊ ကာ၊ ယ၊
ဆန်၊ ရွှေ၊ ကဏ်”” လို့ အတိုကောက်လုပ်ထားတဲ့ အထဲမယ် အာ- ဆိုတာ
ရှင်အာနန္ဒကိုပြောတာ၊ ဗော- ကတော့ ဗောဓိပင်ပေါ့၊ ကာ- က ကာဠုဒါယီ၊
ယ- က ယသောဓရာ၊ ဆန်- က မြင်းတော်ခံ မောင်ဆန်၊ ရွှေ- က ရွှေအိုးကြီး
လေးလုံး၊ ကဏ်- က ကဏ္ဍကမြင်း။
မြတ်စွာဘုရား အလောင်းတော် မွေးဖွါးလာတာနဲ့ တစ်ပြိုင်နက် အဲဒီ
ပုဂ္ဂိုလ်များနဲ့ ဗောဓိပင်တို့၊ ရွှေအိုးကြီး တို့ဆိုတာ မြတ်စွာဘုရား မွေးဖွါးလာတဲ့
နေ့မှာ စတင် ပေါ်ပေါက်လာလို့ ဖွါးဘက်တော်လို့ ဒီလိုပြောကြပါတယ်။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment