ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားဟာ ၀ိဇ္ဇာ သုံး မျိုး၊
ဝိဇ္ဇာ ရှစ် မျိုး၊ စရဏ တစ်ဆယ့်ငါးမျိုးလို့ဆိုတဲ့ တရားဓမ္မတွေ ပြည့်ပြည့်၀၀
ကုံကုံလုံလုံ အစွမ်းကုန်ထူးခြားစွာ ပြည့်စုံတော်မူတတ်သောကြောင့်
ဝိဇ္ဇာစရဏသမ္ပန္နလို့ လောကကြီးတစ်ခွင်လုံးဟာ လူ့ပြည်သာမက
နတ်ပြည်တိုင်အောင်လွှမ်းခြုံကျော်ကြားတာဖြစ်တယ်
ဝိဇ္ဇာ ဆိုတာ အသိပညာ အတတ်ပညာ လို့ အဓိပ္ပာယ်ဖော်တယ်.
စရဏဆိုတာ ၀ိဇ္ဇာဆိုတဲ့ အသိဥာဏ်ရဖို့အတွက် ကျင့်ကြံအားထုတ်ရတဲ့နည်းလမ်း
စရဏကျင့်စဉ်တစ်ခုကို ကျင့်မှ ၀ိဇ္ဇာဆိုတဲ့ ပညာတစ်ခုကိုရနိုင်တယ်လို့
ယုံကြည်လာခဲ့ကြတယ်။ ။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
http://www.drnandamalabhivamsa.com.
No comments:
Post a Comment