Friday, April 1, 2016

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

၁။ လူ့ဘဝ၏ အကြီးမားဆုံးသော ရန်သူ သည် မိမိကိုယ်တိုင် ပင် ဖြစ်သည်။

၂။ လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးခြင်း သည် မိမိ၏ မာနကြောင့် ဖြစ်သည်။


၃။ လူ့ဘဝ၏ အကြီးမားဆုံးသော အသိမဲ့ခြင်း သည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်း ဖြစ်သည်။


၎။ လူ့ဘဝ၏ အကြီးမားဆုံးသော ဝမ်းနည်းရခြင်း သည် မိမိ၏ မနာလို ဝန်တိုသော စိတ်ကြောင့် ဖြစ်သည်။

၅။ လူ့ဘဝ၏ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ် သည် မိမိ၏ စိတ်ဓာတ်ကျဆင်း ခြင်းကြောင့် ဖြစ်သည်။

၆။ လူ့ဘဝ၏ အကြီးမားဆုံးသော ပြစ်မှုပြုခြင်း သည် မိမိ၏ အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘဝ၏ အကြီးမားဆုံးသော သနားစရာကောင်းခြင်း သည် မိမိ၏ စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘဝ၏ အကြီးမားဆုံးသော လေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့် စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၉။ လူ့ဘဝ၏ အကြီးမားဆုံးသော စီးပွားပျက် ရခြင်း သည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း

ကြောင့် ဖြစ်သည်။

၁၀။ လူ့ဘဝ၏ အကြီးမားဆုံးသော ချမ်းသာရခြင်း သည် မိမိ၏ ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘဝ၏ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်း သည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။

၁၂။ လူ့ဘဝ၏ အကြီးမားဆုံးသော လက်ဆောင်မွန် သည် မိမိ၏ သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ်

ဖြစ်သည်။

၁၃။ လူ့ဘဝ၏ အကြီးမားဆုံးသော လိုအပ်ချက် သည် မိမိ၏ အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘဝ၏ အကြီးမားဆုံးသော ပီတိ သည် အလှူဒါန ပြုခြင်း ဖြစ်သည်။

By Amaeteur®

No comments:

Post a Comment