မဟာဝိဟာရကျောင်းတိုက်၏ သာသနာပြု အဓိကရည်ရွယ်ချက်မှာ လဇ္ဇီသူတော်
ကောင်းများ ပေါ်ထွန်းရန်နှင့် မြတ်ဗုဒ္ဓမိန့်တော်မူထားခဲ့သည့်သာသနာ အဓွန့်ရှည်တည်တန့်စေရန်
ဖြစ်ပါသည်။
ဝိနည်းသည် အဆူဆူပွင့်ထွန်းခဲ့ပြီးသော ဘုရားရှင်တို့၏ ပညတ်ချက် လမ်းစဉ်ဖြစ်ပါသည်။
ဝိနည်း၏ အရေးပါအရာရောက်ပုံကို အောက်ပါဂါထာကိုထောက်ခြင်းအားဖြင့် သိသာပါသည်။
" ပမုဌမှိစ၊ သုတ္တန္တေ၊
အဘိဓမ္မေစ၊ တာဝဒေ။
ဝိနယေ အ၀ိနဌမှိ၊
ပုနတိဌတိ သာသနံ။ "
ဆိုလိုသည်မှာ သုတ္တန်ပိဋကတ်နှင့် အဘိဓမ္မာပိဋကတ်တို့ ကွယ်ပျောက်ပါသော်လည်း
ထိုအချိန်၌ #၀ိနည်းပိဋကတ် မကွယ်ပျောက်သေးလျှင် သာသနာသည် တစ်ဖန်တည်နိုင်သေးသည်
ဟု ဆိုလိုရင်းဖြစ်ပါသည်။
ဤသို့လျှင် သာသနာတော်၏ အသက်ဖြစ်သော #၀ိနည်းသည် သာသနာ့နွယ်ဝန်ထမ်း
ရှင်ရဟန်းများအားလုံး ကျင့်ကြံလိုက်နာကြရမည့် မူသေစည်းကမ်းတစ်ခု ဖြစ်ပါသည်။ ၀ိနည်းကို
မကျင့်ကြံဘဲ သာသနာတော်၌နေကာ စာမေးပွဲအလီလီအောင် နာမည်ကြီးဘွဲ့ထူးဂုဏ်ထူးတွေ
ရရုံမျှဖြင့် ကျေနပ်နေကြသော ရှင်ရဟန်းများသည် သာသနာတော်အတွက် အမှိုက်သရိုက်
သဖွယ် ဖြစ်ပါသည်။ ဘုရားသားတော်ဟု အမည်ခံပြီး သာသနာတော်ကို မှီခို စီးပွားရှာနေကြသူ
များကြောင့် ယခုအခါ ဘာသာခြားတို့၏ ကဲ့ရဲ့မှုကိုခံရကာ သာသနာသည် တိမ်းမှောက်တော့
မည့် လှေကဲ့သို့ ရှိနေပါတော့၏။
(၀ိနည်းမဟာဝါပါ ဋိတော် )
မဟာဝိဟာရကျောက်းတိုက်ကြီးသည် ရှေးမထေရ်မြတ်များ အဆက်ဆက် လိုက်နာကျင့်
သုံးလာခဲ့သော သြ၀ါဒအတိုင်း သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မဟာဝိဟာရကျောက်းတိုက်ကြီးသို့ ရောက်လာကြသော ရဟန်း သာမဏေများသည် မည်သူမဆို
အနေအထိုင်/ သင်္ကန်းရုံသင်တန်း ၁၅ ရက် (သို့မဟုတ်) တစ်လ တက်ကြရပါသည်။
( ကျောင်းပိတ်၊ ဈေးပိတ်၊ အလုပ်ပိတ်၍ ရှင်ပြု၊ ဒုလ္လဘရဟန်းခံများအတွက် အဆင်မပြေပါ။)
သင်္ကန်းရုံသောအခါ သေခိယနှင့်အညီ၊ ၀ိနည်းတော်နှင့်အညီ ၀တ်ရုံကြရမည် ဖြစ်ပါသည်။
ထို့ကြောင့် တာဝန်ပေးအပ်ထားခြင်းခံရသော ရဟန်းတော်များသည် သင်တန်းကိုဦးစီး၍ အသစ်
ရဟန်း သာမဏေများအား ၀တ်ပုံ၊ ရုံပုံ၊ လက်ကန်တော့တင်ပုံ၊ သပိတ်ကိုင်ပုံ၊ သေခိယနှင့်အညီ
ဆွမ်းစားပုံ၊ ဘုရားသံဃာမထေရ်တို့ထံ ချဉ်းကပ်ပုံများကို ကျကျနန သင်ပေးကြရပါသည်။
သင်္ကန်းရုံသင်တန်း နှစ်ပတ် သို့မဟုတ် တစ်လခန့်ပြည့်သောအခါ ထိုရဟန်းသာမဏေများ၏
အသွင်အပြင် ၀တ်ပုံ၊ ရုံပုံကို အကဲခတ်၍ တာဝန်ကျ ရဟန်းတော်များသည် မြို့တွင်း၊ ရွာတွင်းသို့
ဆွမ်းခံလိုက်စေပါသည်။
အသစ်ရောက်လာသော ရဟန်းသာမဏေများ #မဖြစ်မနေပြုလုပ်ရမည့် တာဝန်ကား
#အပြင်ကပါလာသောနိဿဂ္ဂိပစ္စည်းများကို စွန့်ရန်ပင် ဖြစ်ပါသည်။ အပြင်ကျောင်းများ၌ နေစဉ်
အခါက ပိုက်ဆံကို မိမိကိုယ်တိုင်ကိုင်၍ ၀ယ်လာသော စာအုပ်၊ ဘောပန်၊ ခဲတံ စသည်များသည်
ဝိနည်းတော်အရ မအပ်စပ်ပါ။ ရဟန်းများ နိဿဂ္ဂိပါစိတ်အာပတ်၊ သာမဏေများ ဒဏ်သင့်ပါသည်။
ထို့ကြောင့် အသစ် ရဟန်း သာမဏေများသည် ပါလာသောပစ္စည်းများကို စစ်ဆေးခံရန် တတိယ
နာယကထေရ်(ဘုန်းတော်လေးအရှင်အဘယာလင်္ကာရ)ထံသို့ သွားကြရပါသည်။
တတိယနာယကထေရ်က မေးပါလိမ့်မည်။ "ဤစာအုပ်၊ သင်္ကန်းနှင့် အသုံးအဆောင်သ
ပိတ်တို့ ကို သင်ကိုယ်တိုင်ဝယ်လာသလား?။ သို့မဟုတ် ဒကာ၊ ဒကာမများက လှူလိုက်သလား?။
ဟုမေးပါလိမ့်မည်။" ထိုအခါ မိမိကိုယ်တိုင် ၀ယ်လာလျှင် ၀ယ်လာသည် ဟူ၍လည်းကောင်း၊
ဒကာ၊ ဒကာမများက လှူလိုက်လျှင် လှူလိုက်သည်ဟူ၍လည်းကောင်း အမှန်အတိုင်း
ဝန်ခံလျှောက်ထားကြရသည်။
မိမိကိုယ်တိုင် ၀ယ်လာသောပစ္စည်းများက ဘယ်နည်းနှင့်မျှ မအပ်စပ်ပါချေ။ ကပ္ပယကာ
ရကများထံ အာလယပြတ် စွန့်ပစ်ရမည်ဖြစ်ပါသည်။ ကျောင်းတိုက်သို့ နေထိုင်ရန် ရောက်လာကြ
သော အချို့သော ရဟန်း၊ သာမဏေများအတွက် ရောက်ခါစနေ့များသည် အလွန်ပျင်းရိဖွယ်
ကောင်းလှပါသည်။ အဘယ့်ကြောင့်ဆိုသော် မြို့နဲ့ဝေးကွာ တောရကျောင်းဖြစ်သောကြောင့်
လည်းကောင်း၊ အသိမိတ်ဆွေ မရှိသေးခြင်းကြောင့်လည်းကောင်း၊ အစားအသောက်သပ္ပါယ
မမျှတသောကြောင့်လည်းကောင်း၊ ဆိတ်ငြိမ်စေရန် အသံထွက်၍ စာမအံ့ရခြင်းကြောင့်လည်း
ကောင်း၊ ခြင်ထောင်မပါ ခေါင်းအုံးမပါဘဲ အိပ်ရသောကြောင့်လည်းကောင်း၊ တစ်နေ့ တစ်ကြိမ်
သာ ရေချိုးရခြင်းကြောင့်လည်းကောင်း၊ မြို့ပေါ်ရှိ ဘုန်းကံကြီးမားသော စာသင်တိုက်တို့တွင်
အပေါ်စက်၊ အောက်စက်၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ ဟန်းဖုန်းတို့နဲ့ ကျကျနန နေခဲ့ဖူးသူတို့
အတွက် ဤမဟာဝိဟာရကျောင်းတိုက်သို့ ရောက်ခါစသည် အလွန်ပျင်းရိဖွယ်ကောင်းလှပါ၏။
သို့သော် ၀ီရိယကောင်းသော ရဟန်း၊ သာမဏေတို့ တစ်လခန့် အနေသားကျလာသောအခါ
ပျင်းရိဖွယ် မဟုတ်တော့ကြောင်း သိလာကြမည် ဖြစ်ပါသည်။
အချို့ရဟန်းရှင်လူတို့က ၀ိနည်းဆောင်ရတာကို "ဆင်းရဲတယ်၊ ကျဉ်းကျပ်တယ်၊ မလွတ်
လပ်ဘူး" ဟု ဆိုချင်ကြ၏။ ၀ိနည်းဆောင်ခြင်းသည် အဆူဆူပွင့်ထွန်းခဲ့ပြီးသော ဘုရားရှင်တို့၏
ပညတ်ချက် လမ်းစဉ်ဖြစ်ပြီး မိမိ၏ကာယကံ၊ ၀စီကံထဲမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာဆိုးတွေကို
ဖယ်ရှားနိုင်ရန်အတွက် မဟာဂရုဏာကြီးစွာဖြင့် ပညတ်ထားခြင်း ဖြစ်ပါသည်။ ချုပ်ချယ်ရန် ပ
ညတ်ထားသည် မဟုတ်ပါ။ ထို့ကြောင့် ရဟန်းသံဃာအားလုံး ၀ိနည်းဆောင်များ ဖြစ်ကြပါစေရန်
တိုက်တွန်းရေးသားလိုက်ပါသည်။
(မဟာဝိဟာရကျောင်းတိုက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment