Thursday, July 28, 2016

အာစိဏ္ဏကံ။

      အမြဲမပြတ်ဆည်းပူးလေ့ကျက်သောကံကို “အာစိဏ္ဏကံ” ဟုခေါ်ပါသည်။ အကုသိုလ်
အရာ၌ သတ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်း၊ မကောင်းသောနည်းဖြင့် စီးပွားရှာခြင်း စသော
မကောင်းမှုများဖြင့်လည်းကောင်း၊ ကုသိုလ်အရာ၌ ပေးကမ်းဒါနပြုခြင်း၊ သီလဆောက်တည်

ခြင်း၊ ဘာဝနာအလုပ် ဆောင်ရွက်ခြင်း စသည်တို့ကို အမြဲမပြတ်လေ့လာ ဆည်းပူးမှုသည်
လည်းကောင်း “အာစိဏ္ဏကံ” ဖြစ်ပါသည်။
         မိမိပြုခဲ့သော “ကံ” အားလုံးသည် ပျောက်ပယ်သွားခြင်း မရှိဘဲ နိဗ္ဗာန်မရ မချင်း
တစ်ချိန်ချိန် တစ်နေရာရာတွင် အကျိုးပေးခွင့်ကြုံက အကျိုးပေးမည် ဖြစ်ပါသည်။
         အထက်ပါ “ကံ” အကြောင်းများကို နားလည်သဘောပေါက်လျှင် ကာယကံမှု၊
ဝစီကံမှု၊ မနောကံမှုများကို တတ်နိုင်သလောက် ကောင်းတဲ့ ကုသိုလ်ဘက်တွင်သာ
ပြူမူကြလျှင် ကောင်းကျိုးများကို ဘ၀ဆက်ဆက် ခံစားရမည် ဖြစ်ပါသည်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment