အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃ မျိုးရနိုင်၏။
ပုဗ္ဗစေတနာ = အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနဲ့ဆိုင်သော ပစ္စည်းများကို ရှာဖွေ
စုဆောင်း နေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတ
နာ ” မည်၏။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ
အလှူ့အမ၊ ကျောင်းဒကာ၊ ကျောင်းအမ စသညဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်
စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။
လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သား အချင်းချင်း အလှူနဲ့စပ်၍ မကျေမနပ် ဒေါသ၊ မာနစသော
အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော
မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်
လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ”။
မုဉ္စစေတနာ = မုဉ္စ - သဒ္ဓါသည် “စွန့်လွှတ်ခြင်း” ဟူသော အနက်ကို ဟော၏။ ထို့ကြောင့်
စွန့်လွှတ်လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည် “မုဉ္စစေတနာ” မည်၏။ ဤ မုဉ္စစေတ
နာ အခိုက်လည်း ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိ
တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ၊ ယခုလှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏
ကိစ္စကို ကူညီဆောက်ရွက် လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ ရက်
ရက်ရောရော လှူဒါန်းနိုင်ပါလျှင် မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ။
အပရစေတနာ = အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့်စပ်၍ ဖြစ်သမျှ စေတနာကို
“အပရစေတနာ” ဟု ခေါ်၏။ ထို့ကြောင့် ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း “အလှူအထ
မြောက်ပေပြီ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည်။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက်
ဝမ်းသာ ဖြစ်နေလျှင် အပရစေတနာနယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံတိုးပွားပြန်၏။ အလှူ
ပေးပြီးနောက် ပစ္စည်း ပျက်ပြား၍ဖြစ်စေ၊ ကျောင်းဆောက်ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်း
ကြီးအပေါ်၌ မကျေနပ်၍ဖြစ်စေ “ ငါလှူမိတာ မှားဘေစွ” ဟု အပရစေတနာပျက်လျှင် အလှူနှင့်
စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။
သတိထားဖွယ် = ဤ ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှု
စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့် လည်း
ကောင်း အနည်းအပါး ဒါနလည်းရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံ ပုဂ္ဂိုလ်အတွက်
ဖြစ်စေ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်
ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။ ထို့ကြောင့် ထိုသို့ ဒါနအကြီးအကျယ် လှူရာ၌ မိမိ
ကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ
ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။
အနည်းငယ်ပြုကြသော ဒါနတို့ကား ခွေးတိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုး
များလှပြီ ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ၊ အချို့အရာ
၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့ အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာဘဲ
မုတ္တစာဂီဖြစ်အောင် စွန့်လွှတ်ပေးကမ်း လှူဒါန်းကြရမည်။ (မုတ္တ= မတွယ်တာဘဲ၊ လွတ်လွတ်
ကျွတ်ကျွတ်+စာဂီ= စွန့်ကြဲ ပေးကမ်းလေ့ရှိသူ)“အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း
၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကို
ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွှတ် လှူဒါန်းသူ” ဟု ဆိုလိုသည်။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ ။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment