တရားအသိ၊ ဉာဏ်မြင်ရှိ၍၊
စုံပြည့်လေရာ၊ ထိုသူမှာကား၊
အို နာ သေရေး၊ ကုန်ပျက်ဘေးနှင့်၊
မပြေးရှောင်သာ၊ ကြုံတွေ့လာသော်၊
“ငါသာမက၊ များသတ္တလည်း၊
ဒုက္ခဤနည်း၊ တွေ့သည်ချည်းရှင့်၊
ငါတည်းပူဆွေး၊ ရှိုက်ငိုကြွေးက၊
မအေးရင်ထဲ၊ ပူလောင်ကဲ၍၊
အိပ်လဲမပျော်၊ စားသော်မ၀င်၊
ရုပ်သွင်ညိုးလျက်၊ လုပ်ခွင်ပျက်၍၊
နှစ်သက်သသူ၊ စိတ်ညှိုးပူလျက်၊
မုန်းသူဝမ်းသာ၊ ဖြစ်လိမ့်မှာ” ဟု၊
ပညာနှင့်ယှဉ်၊ ရှုဆင်ခြင်၍၊
ပူပင်လုံးဝ၊ ကင်းစင်ပလျက်၊
သောကဆိပ်လူး၊ မြှားမစူးသည်၊
ရွှင်မြူးချမ်းငြိမ့်၊ အေးအေးတည်း။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment