ရောက်လာသည်ကို၊ လှယ်ကာခဏ
သူ့ခွက်ယောက်ကို၊ မပျောက်နေ့ည ပေးလိုက်ကြ။
၂၇။ ကွမ်း ဆေး မီးလျှင်၊ ဧည့်သည်မြင်သော်
အလျင်ခဏ တည်ကြပါ။
၂၈။ မင်းသွားငါသွား၊ ငြင်းခုံပွားအောင်
စကားတောက်ဆတ် မလိုအပ်။
၂၉။ မပြတ်မချာ၊ ဆူလှယ်လာ၍
ငါ၏ထံပါး၊ စေစားရ၍ နေပါကြ။
၃၀။ ရဟန်းသံဃာ၊ တည်းခိုလာသော်
သင့်ရာအထူး၊ သင်ဖြူးဖျာနှင့်
လာ၍ဖြဖြ ခင်းကုန်ကြ။
၃၁။ ပရိသတ်လည်း၊ မပြတ်ကျောင်းတွင်
ရှိလျှင်တတွေ၊ မြဲအောင်နေ
တပြည်တရွာ၊ သွားသောခါလည်း
ညီညာလျောက်ပတ်၊ လက်ကတေ့ကို
ကောင်းကောင်း ထိုးကုန်လတ်။
၃၂။ မလျှပ်မပေါ်၊ ခေါ်လျှင်လည်းရ
ထကြွမွေ့သိမ်၊ ဣနြေ္ဒနှင့်
ငြိမ်ငြိမ်နေဘိ၊ မျက်စိမငြိမ်း
နားမငြိမ်းသည်၊ ဟိန်းဟဲ့ မဆိုရစေနှင့်။
၃၃။ မျက်မှောက်ကောင်းငြား၊ ပြင်တပါးမှာ
တခြား မကျင့်ကြလေနှင့်။
၃၄။ မသင့်တတ်ငြား၊ ရန်စကားဖြင့်
ထွေပြားပွေလီ၊ တစီစီနှင့်
တဟီဟီသည်၊ ကျီစား၍လည်း မနေနှင့်။
၃၅။ ဟီနနတ္ထ၊ မဆဲကြနှင့်
ကြီးကငယ်သည်၊ နင်ဟယ်ကိုမျှ
မဆိုကြနှင့်၊ ရန်စချုပ်ချည်
ရှောင်လွှဲဖယ်၍၊ သတ်မည်ကိုထား
လက်ဖျားနှင့်မျှ၊ မတု့ကြနှင့်
ချစ်လှရိုသေ၊ အချင်းချင်းကို
သင့်တတ်စေဟု၊ မအေ ဖရင်း
တ၀မ်းတွင်းသို့၊ သားရင်းတူကွ မှတ်ကုန်ကြ။
၃၆။ သင်္ကန်းအ၀တ်၊ ချွတ်ထားပစ်လေ
မရိုသေ၍၊ ကလေကဝ
စုတ်ရှလတ်လည်း၊ သူ့အ၀တ်ကို မ၀တ်နှင့်
၃၇။ တယောက်ကိစ္စ၊ ကိုင်တွယ်ကြသော်
ခြေကြွလက်သာ၊ မနေရာသည်
တတ်ပါသမျှ၊ ညီညာကြ။ ။
{၁၉၈၃ ခု-နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ သင်ခန်းစာမှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment