Sunday, October 2, 2016

စူဠသောတာပန် ဖြစ်ရခြင်း၏ အကျိုးတရားများ။

  ၁။ မိမိ၏အသိဉာဏ် တိုးတက်လာပြီး သီလကို စင်ကြယ်အောင် စောင့်ထိန်းနိုင်သူ
တစ်ယောက်ဖြစ်လာသည်။
  ၂။ သီလရှိခြင်းကြောင့် စိတ်ဖြူစင်သန့်ရှင်းပြီး တည်ငြိမ်အေးချမ်းလာသည်။

  ၃။ သက္ကယဒိဋ္ဌိကို ပယ်ခွာနိုင်သဖြင့် သက္ကယဒိဋ္ဌိကြောင့်ဖြစ်ရသော လောဘ၊ ဒေါသ၊ မာန
တို့သည် အထိုက်အလျောက် လျော့ပါးစေသည်။ ငါ့သားသမီး၊ ငါ့ဇနီးမယားအပေါ်
ပူပင်သောကနည်းလာသည်။
  ၄။ ၀ိစိကိစ္ဆာကို အတော်အတန်ပယ်ခွာနိုင်သဖြင့် ရတနာသုံးပါးအပေါ် ပိုမိုကြည်ညိုပြီး
ဗုဒ္ဓ၀ါဒအပေါ်၌လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်နှင့် သစ္စာလေးပါးတည်းဟူသော တရားများအပေါ်
ယုံကြည်မှုသဒ္ဒါ ထက်မြက်လာသည်။
  ၅။ ယခင်က မသိဘူးသော ရုပ်နာမ်သဘာဝ၊ ကြောင်းကျိုးဖြစ်စဉ်အပေါ် သဘောပေါက်
လာသဖြင့် သီလ၊ သမာဓိ၊ ပညာတို့ ဖြစ်ပေါ်လာခြင်းကြောင့် နှစ်သက်ဝမ်းမြောက်ခြင်းပီတိကို
ဖြစ်ပေါ်စေပါသည်။
  ၆။ အပါယ်ကိုကျရောက်စေမည့် ဒုစရိုက်များကို ရှောင်ကြဉ်လာနိုင်သည်၊ စိတ်တွင် အကုသိုလ်
လုပ်ရန် ၀န်လေးလာပါသည်။
  ၇။ သမာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာလိုသည့်ပြင် ကံ ကံ၏အကျိုးကို ပိုမို
ယုံကြယ်လာသဖြင့် ကုသိုလ်တရားများ တိုးပွားလာပါသည်။
  ၈။ သေသည်နောက် ဒုတိယဘ၀ သုဂတိအဖြစ် ရောက်ရပါသည်။
  ၉။ ဆက်လက်ပြီး ၀ိပဿနာ ကြိုးစားအားထုတ်သွားလျှင် မဂ်ဖိုလ်ရနိုင်ပါသည်။
 ၁၀။ အားထုတ်ရင်း မရသော် သေပြီးနောက် နတ်ပြည်၌ ရနိုင်ပါသည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ အပါယ်မကျလိုသူများဖတ်ရန်နှင့် သေခါနီးစိတ်ထား မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment