အနာထပိဏ်သေဌေးဟာ ဘုရားဟောတရားတော်ကို နာယူအပြီး သောတာပန်ဖြစ်ခဲ့သူပါ။
လောကီစီးပွားရေးကို တရားနည်းလမ်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
ပါဘူး။ သူ့ခေတ်သူ့အခါက အိန္ဒိယအလယ်ပိုင်းတခွင် မြို့ကြီးအတော်များများမှာ သူ့ကိုယ်စား
လှယ်၊ သူ့ကုန်လှောင်ရုံ၊ သူ့ပွဲရုံ မရှိတဲ့မြို့ မရှိသလောက်အောင် စီးပွားရေးကောင်းကြောင်း တွေ့
ရပါတယ်။
နောက်ပြီး ရာဇဂြိုဟ်မြို့မှာ ထင်ရှားတဲ့ သေဌေးကြီးတွေရှိကြပါတယ်။ ဇောတိက၊ ဇဋိလ၊
မေဏ္ဍက စတဲ့ သေဌေးကြီးတွေပါ။ ဘုရား တရား သံဃာကို အလွန်လေးစားပြီး တရားတော်အတိုင်း
လိုက်နာကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ တရားထူးရသွားကြသူတွေပါ။ သူတို့လည်း
ဘာသာရေးကြောင့် စည်းစိမ်ဥစ္စာ လျောကျသွားတယ်လို့ မတွေ့ရပါဘူး။ သူတို့သမိုင်းကြောင်းကို
လေ့လာကြည့်ရင် ဘာသာရေးကို အကြောင်းပြုပြီး ဒီလောက်ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာကို ရရှိလာ
ကြောင်းကိုသာ တွေ့ရပါလိမ့်မယ်။
ဘာသာရေးနည်းမှန်လမ်းမှန်နှင့် ရရှိလာတဲ့ ပစ္စည်းဥစ္စာကို (ဓမ္မိယလဒ္ဓ) တရားသဖြင့် ရရှိ
လာတဲ့ပစ္စည်းဥစ္စာလို့ ခေါ်ပါတယ်။ ဒီလို ပစ္စည်းဥစ္စာမျိုးဟာ ရန်သူမျိုးငါးပါး ဖျက်ဆီးမှု ကင်းရှင်း
တတ်ပါတယ်။ ဖျက်ဆီးမယ့်ရန်သူလည်း နည်းပါးတတ်ပါတယ်။ ဒီလိုပစ္စည်းဥစ္စာနှင့် ပတ်သက်လို့
စောင့်ရှောက်ရ ထိန်းသိမ်းရ လွယ်ကူပြီး စိုးရိမ်သောကလည်း နည်းရတတ်ပါတယ်။ ဓမ္မဆိုတဲ့ အရာ
ဟာ မဖေါက်မပြန် မှန်ကန်တိကျတဲ့ လက္ခဏာရှိပါတယ်။ စောင့်ရှောက်တတ်တဲ့သဘော ရှိပါတယ်။
သူ့ကိုစောင့်ရှောက်ရင် သူကပြန်ပြီးစောင့်ရှောက်တတ်ပါတယ်။
ဒါကြောင့် စစ်မှန်တဲ့ဘာသာရေးဟာ စီးပွားရေးကို ဘယ်လိုနည်းနှင့်မှ အဟန့်အတား မပြု
ပါဘူး။ စီးပွားဥစ္စာ တည်တံ့တိုးပွားဖို့ ကြီးမားတဲ့ အထောက်အပံ့ကိုသာ ပေးတတ်ကြောင်း သူတော်
စင်အပေါင်းတို့ နားလည်သဘောပေါက်ကြပြီး ဘာသာရေး နည်းမှန်လမ်းမှန်ဖြင့် စီးပွားဥစ္စာရှာကြံ
ကာ တရားဓမ္မကို လိုက်နာကျင့်သုံး၍ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment