Monday, December 19, 2016

ကမ္ဘာ့အဆင့်အမြင့်ဆုံး ယဉ်ကျေးမှုကြီး။

      ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ အမြောက်အများ ရှိပါတယ်။ လူ
တစ်မျိုးရဲ့ ယဉ်ကျေးမှုလုပ်ရပ်ဟာ အခြားလူတစ်မျိုးအတွက် မနှစ်သက်စရာ လက်မခံနိုင်စရာ
ဖြစ်နေတတ်ပါတယ်။ လူမျိုးစုတစ်ခုရဲ့ သိမ်မွေ့ပါတယ်ဆိုတဲ့ အမူအရာဟာ အခြား လူမျိုးစု
တစ်ခုအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်နေတတ်ပါတယ်။ ဒီတော့ အများလက်ခံနိုင်တဲ့ ယဉ်ကျေး
မှုကောင်းတစ်ခုလို့  သတ်မှတ်ဖို့  “ စံ ” လိုအပ်လာပါတယ်။
ယဉ်ကျေးမှုတစ်ခုဟာ = (၁) မိမိအကျိုးကိုဖြစ်စေ၊ သူတစ်ပါးအကျိုးကိုဖြစ်စေ၊ မိမိသူတစ်ပါး 
                             နှစ်ဦးသားအကျိုးကိုဖြစ်စေ မထိခိုက် မနစ်နာ မပျက်စီးစေရဘူး။
                             (၂) မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ မိမိသူတစ်ပါး
                             နှစ်ဦးသားအတွက်ဖြစ်စေ ကောင်းကျိုးကို ဖေါ်ဆောင်နိုင်ရပါတယ်။
                             * * *   ဒါဟာ ယဉ်ကျေးမှုကောင်းတစ်ခုရဲ့ “ စံ ” ပါပဲ။
         ဗုဒ္ဓယဉ်ကျေးမှုဟာ “ကိုယ်ယဉ်ကျေးမှု ၃ မျိုး၊ နှုတ်ယဉ်ကျေးမှု ၄ မျိုး၊ စိတ်ယဉ်ကျေး
မှု ၃ မျိုးကို အခြေခံထားပါတယ်။
ကိုယ်ယဉ်ကျေးမှု ၃ မျိုးက =
         ၁။ ဘယ်လိုအကြောင်းနှင့်ဖြစ်ဖြစ် သူတစ်ပါးအသက်ကို မသတ်ဖို့၊ လူသားချင်းသာမက
             ကျွဲ နွား ကြက် ၀က် စတဲ့ တိရစ္ဆာန်တွေကိုပင် မသတ် မညှဉ်းဆဲဖို့။
         ၂။ ပိုင်ရှင်က ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မပေးတဲ့ သူတစ်ပါးပိုင် ပစ္စည်းကို ဘယ်
             လိုနည်းနှင့်မှ မယူဖို့။ (မသုံးဖို့)။
         ၃။ မိမိဇနီး ခင်ပွန်းမှတစ်ပါး အခြားအမျိုးသား အမျိုးသမီးများနှင့် ကာမဂုဏ်ကိစ္စ မပြု
             လုပ်ဖို့ ညွှန်ပြထားပါတယ်။
နှုတ်ယဉ်ကျေးမှု ၄ မျိုးက = =
         ၁။ မဟုတ်မမှန်စကားကို မပြောဆိုဖို့၊
         ၂။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညီညွတ်စည်းရုံးနေမှု ပြိုကွဲပျက်စီးအောင် မ
             ပြောဆိုဖို့၊
         ၃။ ပစ္စုပ္ပန်၊ တမလွန်၊ မိမိ၊ သူတစ်ပါး အကျိုးမရှိတဲ့ စကားကို မပြောဆိုဖို့၊
         ၄။ ဆဲဆို ကြိမ်းမောင်း စိတ်မချမ်းမြေ့စရာစကားကို မပြောဆိုဖို့ ညွှန်ပြထားပါတယ်။
စိတ်ယဉ်ကျေးမှုသုံးမျိုးက = = =
         ၁။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာ စသည်ကို မိမိပိုင်ဖြစ်အောင် မတရားမကြံစည်ဖို့၊
         ၂။ သူတစ်ပါးအသက် အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးအောင် မကြံစည်ဖို့၊
         ၃။ ကံနှင့် ကံအကျိုးပေးကို ယုံကြည်လက်ခံဖို့ ညွှန်ကြားထားပါတယ်။
         ဒီအချက်တွေဟာ- ဗုဒ္ဓယဉ်ကျေးမှု အခြေခံအဆင့်မျှ ဖြစ်ပါတယ်။ ဒီအခြေခံအဆင့်မျှကို
လေ့လာကြည့်ရင်ပဲ ဘယ်လောက် “စံ” မီတယ်၊ ဘယ်လောက် ယဉ်ကျေးသိမ်မွေ့ပြီး အများ
လက်ခံနိုင်တယ် ဆိုတာ တွေ့နိုင်ပါတယ်။ မိမိ သူတစ်ပါး အကျိုးကို မထိခိုက် မပျက်စီးစေဘဲ
မိမိအကျိုး သူတစ်ပါးအကျိုးကို ဘယ်လောက်ဖေါ်ဆောင်ပေးတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါ
ကြောင့် ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး ယဉ်ကျေးမှုကြီးအဖြစ် ဖေါ်ဆောင်နေပါတယ်။ ။
  {အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
  အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပါသည်။}

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment