စူဠသောတာပန် ဖြစ်လျှင် အပါယ်မလားကြောင်း ပြောကြပါသည်။
စူဠသောတာပန်သည် ဒိဋ္ဌိဝိစိကိစ္ဆာ မကင်းသေးဟု သိရ ပါ သည်။ သို့ဖြစ်လျက်
အဘယ်ကြောင့် အပါယ်မလားပါသနည်း။ မဟာသောတာပန်နှင့် မည်သည့်တူညီမှု
ရှိနေပါသနည်း။ မည်သို့ အားထုတ်၍ စူဠသောတာပန် ဖြစ်ရပါ သနည်း။ တပည့်တော်များ
နားလည်အောင် ဖြေကြားပေးတော်မူပါဘုရား။ ။
✒✒✒✒✒✒✒✒✒✒✒✒✒
"ဤကင်္ခါဝိတရဏ ၀ိသုဒ္ဓိကိုရသော ပုဂ္ဂိုလ်သည် သီလ၀ိသုဒ္ဓိဖြင့်
သီလစင်ကြယ်ပြီး ဖြစ်ရကား အပါယ်ရောက်ကြောင်း မကောင်းမှု အကုသိုလ်
အကြီးစားတွေကို မပြုတော့။
စိတ္တ၀ိသုဒ္ဓိဖြင့် သမာဓိရပြီး ဖြစ်ရကား လောကီအာရုံ ကာမဂုဏ်အကြံ၊ သူတစ်ပါး ပျက်စီးကြောင်း အကြံကိုလည်း မကြံစည်တော့။
ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ၀ိသုဒ္ဓိနှစ်ပါးကြောင့် ရုပ်နာမ်အပေါ်၌
လည်းကောင်း၊ ဘုရား၊ တရား၊ အရိယာ သံဃာတော်များ အပေါ်၌လည်းကောင်း ယုံမှားသံသယ
မရှိတော့။
အ၀ိဇ္ဇာ တဏှာ မကုန်သေးသမျှ ကံကလည်း ဘ၀သစ်အကျိုးကို ပေးမည်သာဟု ယုံကြည်ပြီးဖြစ်ရကား ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာလည်း ကင်း ကွာလေတော့သည်။
ထို့ကြောင့် ရုပ်နာမ်တို့ကို "အနစ္စ၊ ဒုက္ခ၊ အနတ္တ"ဟု ၀ိပဿ
နာ မရှိသေးသောကြောင့် သောတာပန် အကြီးစား(သောတာ ပန်အစစ်၊ မဟာသောတာပန်)
မဖြစ်သေးသော်လည်း လာမည့်ဘ၀၌ ဧကန်မုချ အပါယ်မကျဖို့ သေချာလှသောကြောင့်
စူဠသော တာပန် (သောတာပန် နောင်တော်ကြီး ၏ညီငယ်၊ သောတာပန် အမကြီး၏ ညီမ ငယ်
သောတာပန်ကား) ဧကန်ဖြစ်နေပြီဟု မှတ်ပါ။"
(ခုဒ္ဒသိက္ခာဘာသာဋီကာ၊ ၆၀၂)
ရဝေထွန်း[ဆရာတော်ဦးတိလောကသာရ]
ဘာသာရေးပြဿ နာများ စာအုပ်မှ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။
ဘာသာရေးပြဿ နာများ စာအုပ်မှ ကူးယူ၍ ဓမ္မဒါန ပြုပါသည်။
No comments:
Post a Comment