တစ်ယောက်တည်းငြိမ်းချမ်းအောင်နေတတ်မှ အများနဲ့လည်း ငြိမ်းချမ်းအောင်နေတတ်တယ်။
ကိုယ်ငြိမ်းချမ်းအောင်နေတတ်မှ သူများကိုလည်း ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တယ်။ တစ်ယောက်တည်း
ငြိမ်းချမ်းအောင်နေနည်းက "သတိ"ပါ။ သတိအမြဲထား နေတာပါ။ တစ်ယောက်တည်း သတိနဲ့ အေးချမ်း
အောင်နေတတ်ရင် အများနဲ့လည်း အဆင့်ဆင့် အေးချမ်းအောင် နေတတ်လာပါတယ်။ သည်းခံခွင့်လွှတ်
သဘောထားကြီးကြီးနဲ့နေပြီး မေတ္တာစိတ် အမြဲထားနေတာပါ။
သတိအရင်းခံပါတယ်။ အများနဲ့နေရင် သည်းခံခွင့်လွှတ်နိုင်အောင် လေ့ကျင့်ရပါတယ်။ သူရော
ကိုယ်ပါ ကိလေသာမကင်းသေးတဲ့ ပုထုဇဉ်တွေဖြစ်နေကြလို့ သူ့မှာရော ကိုယ့်မှာပါ မနှစ်သက်စရာ၊
မကြိုက်တာတွေ တွေ့နေရမှာပါ။ သည်းခံတတ်၊ နားလည်တတ်မှ အေးချမ်းအောင် နေတတ်မယ်။
သည်းခံတဲ့နေရာမှာ ပြန်ဖြေရှင်းရမယ့် သည်းခံတာ၊ ပြန်ဖြေရှင်းဖို့မလိုတဲ့ သည်းခံတာလို့ ၂မျိုးရှိ
တယ်။ အကျင့်စာရိတ္တနဲ့ထိခိုက်ပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုလာရင် ခေါင်းငုံခံမနေဘဲ ပြန်ဖြေရှင်းရပါတယ်။
ပြန်မဖြေရှင်းရင် သူစွပ်စွဲတဲ့အတိုင်း ဟုတ်မှန်တယ်လို့ ၀န်ခံရာရောက်သွားတော့ ကိုယ်ဟာ အလကားလူ
ဖြစ်သွားမယ်။ လုံးဝစိတ်မဆိုးဘဲ မဟုတ်မှန်တဲ့အကြောင်း အေးအေးဆေးဆေး ပြန်ဖြေရှင်းရပါတယ်။ အ
ကျင့်စာရိတ္တနဲ့ မသက်ဆိုင်တဲ့နေရာမှာတော့ ပြန်ဖြေရှင်းမနေဘဲ အေးအေးဆေးဆေး ပြုံးပြုံးလေးသည်းခံ
နေလိုက်ရုံပါ။ ကိုယ့်စိတ်ကို မြင့်တက်ရင့်ကျက်သွားအောင် မြင့်တင်ပေးနေတာလို့ သဘောထားကြီးပြီး
တိတ်တိတ်ကလေးနေလိုက်ရုံပါ။
သည်းခံခွင့်လွှတ် သဘောထားကြီးတတ်ရင် စိတ်ထဲမှာ မြင့်မြတ်တဲ့မေတ္တာနေရာရပါတယ်။ ကိုယ်နဲ့
အတူနေရသူအပေါ် ပြုံးကွက်၊ ချမ်းသာကွက်၊ ကောင်းကွက်ကိုဖေါ်ပြီး တကယ်ချမ်းသာစေလိုတဲ့ "ဘေး
ရန် ကင်းကြပါစေ....၊ ကိုယ်ကျန်းမာကြပါစေ...၊ နှလုံးစိတ်ဝမ်း ရွှင်ကြည်လန်းလို့ အေးချမ်းကြပါစေ..လို့ "
မေတ္တာစိတ်ကို စိတ်ပါလက်ပါ လွှမ်းခြုံဖြန့်ပွားပေးရမယ်။ ။
{ ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်၊ တနင်္လာနေ့ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ တိပိဋက
ယောဆရာတော်သီတင်းသုံးနေရာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖူးမျှော်လိုကြောင်း ကြိုတင်ခွင့်တောင်း
အသိပေးပြီး လာရောက်နာယူတော်မူသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment