ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့
အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ
--- "ဓမ္မ"ဆို တာလူ့ အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့်
ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ်
------
၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း
အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to
be good person ]
၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု
တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ
ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right
person]
၃။ ( စိတ်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို
့၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့်
လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to
be noble person ]
ဥပမာဆိုရလျှင်---
* လူမမာ ရောဂါရလို့ 
ဆရာဝန်သွားပြ ရင် ဆရာဝန်က ဆေးညွှန်း ပေးလိမ့် မယ်၊ ဆေးညွှန်း အတိုင်း ဆေးပေး
လိုက်လိမ့်မယ် ဆေးဘယ်လို သောက်ဖို့ ညွှန်ကြားလို လိမ့် မယ်၊
*
ဒါကို လူနာက အိမ်ပြန်ရောက်တော့ အညွှန်းကိုဖတ်ကြည့်၊ ပြီးရင်း ကောင်းလိုက် တဲ
့ဆေးညွှန်း ဆိုပြီး ဆေးညွှန်း တွေပဲ ထိုင်ဖတ်တယ်၊ ပြီတော့ ဒီဆရာသိပ်
တော်တာပဲ၊ ဆိုပြီး၊ ဒီဆရာဝန် ကို ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏၊
ဆိုပြီး လုပ်နေကာ ဆေးတော့ မသောက် ဖူး၊ ဒါဆို
ဘာဖြစ်မလဲ------------------"လူနာ သေတာပေါ့။"
* ဒီဥပမာ လို ပဲ၊
ဒီကနေ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတွေ၊ ယုံကြည်ပါ၏၊
ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆို တဲ့ အဆင့်မှာ ရပ်၍ မနေ့ သင့်ပါဘူး။
ဆေးညွှန်း လဲဖတ်ပါ (ဆေးညွှန်း ဆိုတာက- ပိဋက တရားတော်တွေ )၊ ပြီးရင်
ဆေးလည်းသောက်ပါ၊ (ဆေးဆိုတာက = သီလ၊သမာဓိ၊ ပညာ) သေချာတာက တော့ ဆေးမသောက်ပဲ၊ ၊
ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆိုရင်ဖြင့် ဘာရောဂါ မှ မပျောက်ဖူး။ ဒါ
အသေအချာပဲ။
* ဓမ္မကို ကိုးကွယ်မယ်ဆိုရင်ဖြင့်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ
နဲ့  ရပ်မနေပဲ၊ သီလ-သမာဓိ-ပညာ အကျင့်တရား ကို အလေးထားကျင့် ကြံ မှသာ ဗုဒ္ဓ
အလိုကျ ဓမ္မကို ကိုးကွယ်ရာရောက်မှာဖြစ်ကြောင်းအသိတရားပွင့် လာစေရန်
ဟောကြားဆုံးမတော်မူခဲ့ပါတယ်။
သီတဂူဆရာတော်ဘုရားကြီးသြ၀ါဒ
No comments:
Post a Comment