Saturday, April 1, 2017

ဘ၀ခရီးကြမ်းဝယ် ရွေးချယ်ရမယ့်လမ်း။

       ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ
ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။
ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ
ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို  လက်တွေ့ကျကျ
ကိုယ်ပိုင်ဉာဏ် အသုံးချတတ်ဖို့  ကေသမုတ္တိသုတ္တန်ကို  ဟောပြတော်မူပါတယ်။
         မြတ်စွာဘုရားက အဲဒီလို သံသယဖြစ်နေတယ်ဆိုရင် ဒီအချက်အလက်တွေနဲ့ သုံးသတ်ပါ တဲ့..
         (၁) မာ အနုဿဝေန= = အမှန်တရားကို ရှာတဲ့အခါမှာ တဆင့်စကားပေါ် အခြေခံပြီးတော့
မရှာနဲ့။ ဟိုလူပြောတာ ဒီလူပြောတာ ဆိုတဲ့ တဆင့်ကြားစကား(ကောလဟာသ) တွေ အပေါ်မှာ အခြေ
ခံပြီးတော့ အမှန်တရားကို မရှာနဲ့။ တဆင့် ကြားစကားဆိုတာ မှန်တာလည်း ရှိတယ်။ မှားတာလည်း
ရှိတယ်။ မသေချာဘူး။
         (၂) မာ ပရမ္ပရာယ= = အစဉ်အလာ ကျင့်သုံးလာတဲ့ အချက် အစဉ်အလာ ယုံကြည်လာတဲ့ အ
ချက်တွေအပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာနဲ့။ ဓလေ့၊ အစဉ်အလာ ကျင့်သုံးလာတဲ့
လက်ခံလာတဲ့ အချက်ဟာ မှန်တာလည်း ရှိတယ်။ မှားတာလည်း ရှိတယ်။ သေချာပေါက်   အမှန်လို့
ချည်း မပြောနိုင်ဘူး။ ဒါကြောင့်မို့ အဲဒါနဲ့  အမှားအမှန်ကို မရှာနဲ့။
         (၃) မာ ဣတိကိရာယ= = တစ်ဦးတစ်ယောက်က လာပြီး ဒါက ဒီလိုပါလို့ ဆိုပြီး တင်ပြချက်ကို
အခြေခံပြီးတော့လည်း အမှန်တရားကို ဆုံးဖြတ်လို့ မရပါ။ သူပြောတဲ့ အစီရင်ခံစာဟာ မှန်ရင်လည်းမှန်
မယ်။ မှားရင်လည်း မှားမယ်။ မသေချာဘူး။
         (၄) မာ ပိဋကသမ္ပဒါနေန= = ကိုယ်သင်ထားတဲ့ စာပေနဲ့ ကိုက်ညီတယ် ဆိုရုံနဲ့လည်း မှန်တယ်
လို့ မဆုံးဖြတ်နဲ့။ စာအုပ်ထဲမှာ ဒီလို ရေးထားတယ်ဆိုတာနဲ့ လည်း အမှန်တရားကို မဆုံးဖြတ်နဲ့။ ဘာဖြစ်
လို့လည်းဆိုရင် စာအုပ်ထဲမှာ ရေးထားတယ် ဆိုပေမယ့် မှားရင်လည်းမှားမယ်။ မှန်ရင်လည်း မှန်မှာပါ။
စာအုပ်တော်တော် များများဟာ ကိုယ့်အယူဝါဒတွေ ထင်မြင်ယူဆချက်တွေ ရောပြီး ရေးထားကြတယ်။
ဒါကြောင့် မြတ်စွာဘုရားက အမှန်တရားကို စာအုပ်စာပေ မျိုးနဲ့ ရှာလို့ မရဘူး။
         (၅) မာ တက္ကဟေတု= = လောကမှာ အမှန်တရားကို ကျိုးကြောင်းဆင်ခြင်တဲ့နည်း နဲ့လည်း
အမှန်တရားကို ရှာလို့ မရပါ။  ကျိုးကြောင်းဆင်ခြင်တဲ့နည်းနဲ့ ရှာရင် မှန်ဖို့၊ မမှန်ဖို့ မသေချာဘူး။
         (၆) မာနယဟေတု = = အကျိုးကိုကြည့်ပြီး အကြောင်းကို ဖေါ်ထုတ်တဲ့နည်း၊ အကြောင်းကို
ကြည့်ပြီး အကျိုးကို ဖေါ်ထုတ်သောနည်း (အနုမာန) မှန်းဆသည့်နည်းဖြင့် အမှန်တရားကို ရှာတဲ့အခါ
မှာ လုံလောက်တဲ့ ဆုံးဖြတ်ချက်ကို မပေးနိုင်ဘူး။ မြတ်စွာဘုရားက လောကမှာ အမှန်တရားဆိုပြီး လူ
တွေ လက်ခံနေကြတာဟာ အကြောင်းအကျိုးအပေါ် အခြေပြုနေတယ် တဲ့။
         (၇) မာ အာကာရပရိဝိတက္ကေန= = အခြေအနေ အရပ်ရပ် သုံးသပ်ဆင်ခြင်သောနည်း၊   အ
ကြောင်းတရား ရှာတဲ့နည်း အကျိုးသင့် အကြောင်းသင့် စဉ်းစားတွေးတောခြင်းနဲ့ လည်း အမှန်တရား
ကို ရှာလို့ မရဘူး၊ ဒါကြောင့် သေချာတဲ့အရာ မဟုတ်ဘူး။
         (၈) မာ ဒိဌိနိဇ္ဈနက္ခ န္တိယာ = = ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း အမှန်တရားကို
မရှာနဲ့။  ကိုယ်ကအမျိုးမျိုး တွေးခေါ်ပြီးတော့ ကြိုက်နှစ်သက်လို့ ယူထားတဲ့ အယူဝါဒနဲ့   ကိုက်ညီလို့ရှိ
ရင် လက်ခံကြတယ်။ ကိုယ့်အမြင်လေးနဲ့ မှန်လို့ ရှိရင်လည်း အမှန်တရားလို့ လက်ခံကြတယ်။ အဲဒီနည်း
ဟာလည်းပဲ စိတ်ချရတဲ့ အရာတစ်ခု မဟုတ်ဘူး။
         (၉) မာ ဘဗ္ဗရုပတာယ = =  မှတ်သားထိုက်တဲ့အရာ ဆိုရုံနဲ့လည်း  အမှန်တရားကို   မရှာနဲ့။ လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဒါလေးကတော့ မှတ်ထိုက်တယ်၊ ဟုတ်တယ်၊  ယုတ္ထိရှိတယ်
ဆိုတာလေးနဲ့ အမှန်တရားကို လက်ခံကြတယ်။ ရှေ့ကိုဆက်ပြီး မစဉ်းစားဘူး၊ ဒါကြောင့်မသေချာဘူး။
         (၁၀) မာ သမဏော နောဂရု= = ဒို့ ကိုးကွယ်တဲ့ ဆရာပဲ၊ ဆရာ့စကား လေးစားထိုက်တယ် ဆို
တာနဲ့လည်း အမှန်တရားကို မရှာနဲ့။ မြတ်စွာဘုရားက...ဒီပုဂ္ဂိုလ်ကြီးကတော့ ဒို့ရဲ့ ဆရာကြီးပဲ သူပြော
တာတွေ မှန်ရမယ်လို့  ဒီလိုလည်း မဆုံးဖြတ်လိုက်နဲ့။ ဒီ (၁၀) ချက်ဟာ အမှန်တရားကို ဆုံးဖြတ်တဲ့ အ
ခါမှာ အားကိုးယုံကြည်လောက်တဲ့ အကြောင်းတရားတွေ မဟုတ်ဘူး။
         ဒါဖြင့် အမှန်နဲ့ အမှားကို ဆုံးဖြတ်တဲ့အခါမှာ  အားကိုးယုံကြည်လောက်တဲ့  အကြောင်းဆိုတာ
ဘာလဲ။ ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ်တယ်။ ကိုယ်တိုင်သိအောင်လုပ်၊ ကိုယ်တိုင်သိတဲ့
အချက်ဟာ အသေချာဆုံးပဲ။
         ဒါကြောင့်မို့  သူတော်စင် သူတော်ကောင်းတို့တတွေ ကလည်း မြတ်စွာဘုရား ရွေးချယ်ပေးတဲ့
လမ်းကြောင်းပေါ် လျှောက်ပြီး ငြိမ်းချမ်းသာယာတဲ့၊ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြု
နိုင်ကြပါစေကုန်သတည်း။ ။
{ ၁၃၆၉ ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၁၁ ရက်နေ့၊ စမ်းချောင်းမြို့နယ်၌ ဒေါက်တာ အရှင်နန္ဒမာလာဘိ     
ဝံသ    ဟောကြားတော်မူသော “ ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း ” တရားတော်မှ ကောက်နုတ်
   ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment