ဘုရားရှင်သည် အပရာဇိတပလ္လင်ပေါ်၌ ( ၇ ) ရက်ပတ်လုံး သီတင်းသုံး၍ နေတော်မူ
သည့်အခါ အချို့သော နတ်များက “ ဘုရားရှင်သည် ယခုအချိန်အထိ နေရာမှမထသေး၊
ဘုရားဖြစ်အောင်ပြုနိုင်သည့်တရားများ ကျန်ရှိနေသလော ” ဟု ယုံမှားသံသယဖြစ်ကြသည် ။
၎င်းနတ်တို့၏ ယုံမှားသံသယ ပယ်ဖျောက်ရန် ကောင်းကင်သို့ပျံတက်ကာ တန်ခိုးပြာဋိဟာ
အစုံစုံတို့ကို ပြတော်မူခဲ့သည် ။
ထို့နောက်မဟာဗောဓိပင်မှ အရှေ့မြောက် ( ၁၄ ) လံအကွာတွင် ရပ်တော်မူကာ
ပါရမီအဟုန်ကြောင့် ရရှိအပ်သော အပရာဇိတပလ္လင်တော်ကိုလည်းကောင်း မဟာဗောဓိပင်ကို
လည်းကောင်း မမှိတ်သောမျက်စိဖြင့် ( ၇ ) ရက်ပတ်လုံး ကြည့်ရှုတော်မူခဲ့သည် ။
( နိမိသ - မျက်လုံးမှိတ်ခြင်း ၊ အ - မဟုတ် ။ ” ထို့ကြောင့် အနိမိဿသတ္တာဟ ဟု
ခေါ်ဆိုခြင်းဖြစ်သည် ။
ယခုအခါ အထိမ်းအမှတ်အဖြစ်ဖြင့် မဟာဗောဓိစေတီတော်၏ အရှေ့မြောက်ထောင့်
ကုန်းမြင့်ပေါ်တွင် ရုပ်ပွားတော်နှင့် စေတီတော်ကို တည်ထားကိုးကွယ်တော်မူပါသည် ။
စေတီတော်မှာဉာဏ်တော် ( ၅၅ ) ပေရှိပြီး လှိုဏ်ထဲတွင် ဘုရားအလောင်းတော်ရုပ်ပွားတော်
ရှိပါသည် ။
(သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
ပူဇော်ပါသည်။)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment