ဒါနဆိုတာ လှူဒါန်းပေးကမ်းခြင်းဖြစ်ပါတယ်၊ ဒါနမြောက်ဖို့အတွက် =
၁။ အလှူပေးပုဂ္ဂိုလ်။
၂။ အလှူခံပုဂ္ဂိုလ်။
၃။ လှူဖွယ်ဝတ္ထု။
၎။ လှူလိုသောစေတနာ တို့ ညီညွှတ်ပြည့်စုံမှ အလှူမြောက်ပါတယ်။
ကြောက်၍ပေးခြင်း (ပြန်ပေး/ ဓားပြတွေကို ငွေပေးရခြင်းမျိုး)၊ လာဘ်ကိုမျှော်ကိုး၍
ပေးခြင်း၊ သူ့ဆီက လက်ဆောင်လိုချင်၍ ကိုယ်က လက်ဆောင်ပေးခြင်းမျိုး၊ ချစ်ကြိုက်၍
ပိုးကြေးပန်းကြေး ပေးခြင်းမျိုးသည် ဒါနမဟုတ်ပါ။
ဒါနဆိုတာ သူတစ်ပါးကိုရည်ရွယ်၍ ကံ,ကံ၏အကျိုးယုံကြည်သော ကမ္မဿကတဉာဏ်
ရှေ့သွားရှိတဲ့ စွန့်လွှတ်ကြောင်းစေတနာ၊ ထိုစေတနာအရ ပေးလှူမှုကိုသာ ဒါနဟုခေါ်ပါသည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ခန္ဓာကိုမြင်ခြင်းနှင့် ဒါန.သီလမှ ကူးယူရေးသား
ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment