ယုံကြည်မှုသဒ္ဒါ အားကောင်းလွန်းပြီး ဆင်ခြင်မှုပညာ အားနည်းနေရင် အမှားနဲ့ အမှန်
ခွဲခြားနိုင်စွမ်း မရှိနိုင်ပါ။ သဒ္ဒါလွန်တော့ တဏှာကျွန် ဖြစ်တတ်ပါတယ်၊ ဆင်ခြင်ဉာဏ်မပါဘဲ
အလွယ်တကူ ယုံကြည်တတ်တဲ့သူဟာ ကိုယ်ကျိုးနည်းတတ်ပါတယ်။ တကယ်ယုံကြည်သင့်
တာက တရားရှုမှတ်မှုအပေါ် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀ရှိဖို့ ဖြစ်ပါတယ်။
ပညာအားကောင်းတဲ့သူဟာ တရားရှုမှတ်လိုက်လို့ မကြာခင်မှာ သမာဓိရလွယ်ကာ၊
ခန္ဓာသဘောတွေကို မြန်မြန်ဆန်ဆန် သိရှိလာတတ်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုသဒ္ဒါ
အားနည်းတဲ့အခါ တရားတော်ညွှန်ကြားချက်တွေကို ကျော်လွန်ပြီးတော့ ကိုယ့်ဟာကို တရား
သဘောတွေကို တွေးတောဆင်ခြင် စိတ်ကူးယဉ်နေတတ်လို့ တရားရှေ့မတက်နိုင်ဘဲ ဖြစ်
တတ်ပါတယ်။ သဒ္ဒါတရား အားနည်းလို့ မလှူချင်တဲ့စိတ်၊ သံသယစိတ်၊ မယုံကြည်စိတ်တွေ
ဝင်လာတတ်လို့ ယုံကြည်မှုသဒ္ဒါနဲ့ ဆင်ခြင်မှုပညာဟာ မျှတအောင် ပေါင်းစည်းရှုမှတ်ပေးနိုင်မှ
တရားတက်လွယ်ကာ တရားအင်အားတစ်ခု ဖြစ်လာပါမည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူ၍
ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment