Friday, March 2, 2018

ဘ၀အတွက် မိမိ၏သီလဂုဏ်။

       လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ
“ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘ၀ရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေ
မယ့်လို့  အသက်တိုမယ်၊ အနာရောဂါများမယ်။(ငရဲကျတာ၊ မကျတာ အသာထား) အပေါ့ဆုံး အ
ပြစ်က ဒီအထိအောင် ခံရမှာပါ။
         “အာဒိန္နာဒါနကံ” မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီး
သွားမယ်၊ မီးလောင်တဲ့အထိ ပါသွားမယ်၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာဟာ အမြဲတမ်း ပျက်စီးဆုံးရှုံးနေမယ်၊
နောက်တစ်ခု “ကာမေသု မိစ္ဆာစာရကံ” မလုံရင် လူမုန်းများမယ်၊ အခြောက်တိုက် မုန်းတာမျိုးလို
သူ့မျက်နှာမြင်တာနဲ့  အလိုလိုမုန်းလာမယ်။
         “မုသာဝါဒကံ” မလုံရင် သူ့စကားကို မယုံကြတော့ဘူး၊ မယုံကြည်တဲ့အခါ သူ့ရဲ့စကား
အရာမရောက် ဖြစ်တယ်၊ ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်
တယ်လို့ မြတ်ဗုဒ္ဓ ဟောကြားထားတယ်။ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘ၀မှာ
ဦးနှောက်မပြည့်ဘူး၊ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
         ဒါကြောင့် လူတွေရဲ့ အခြေခြံသီလဖြစ်တဲ့ ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်း
သင့်တယ်။ သီလတစ်ပါးပါး လျော့လို့မရဘူး။ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ အသက်ရှည်ရမယ်၊
ကျန်းမာပြီး အနာကင်းရမယ်၊ ပစ္စည်းဥစ္စာ ရှိရမယ်၊ လူချစ်လူခင် ပေါများရမယ်၊ ဉာဏ်ပညာ ပြည့်
စုံရမယ်၊ သြဇာ ရှိရမယ်၊ ရူးနှမ်းနှမ်းမဟုတ်ဘဲ တည်ကြည်သူဖြစ်ရမယ်။ ဒါမှ လူ့ဘ၀မှာ ပြည့်စုံသူ
လို့ ပြောနိုင်ပါမယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း ငါးပါးသီလကို ခါးဝတ်ပုဆိုး
ကဲ့သို့ လုံခြုံအောင်စောင့်ထိန်းနိုင်ကြပြီး မိမိ၏သီလဂုဏ်ကို ပြန်ပြီးဆင်ခြင်ဆန်းစစ်လိုက်တဲ့အခါ
မှာ ၀မ်းသာတဲ့ ပီတိစိတ်ကလေးဖြင့်အာရုံပြုကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့
   နယ်၊ ကျောင်းကြီးလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော “ ဓမ္မအသိဖြင့်
   အကျိုးရှိရှိနေမည် ” တရားတော်ကို ကိုးကားရေးသား ပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment