`ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါတည့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ၊ မရှိပါသည်
ခန္ဓာ နာမ်ရုပ်မျှသာတည်း။
နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၏
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တချည်းသာတည်း။´
(၁၉၅၃)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသသည် ဆရာသမား၏
(အရှင်ပညာစက္ကမထေရ်မြတ်၏ ) နောက်ဆုံးမှာတမ်း ဆုံးမစကားကို တစ်သက်မမေ့နိုင်အောင်
ကဗျာလင်္ကာဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့လေသည်။
(ဆရာတော်ဘုရားကြီး သက်တော်ရာပြည့် အထိမ်းအမှတ်၊ ၁၂၇၃-၁၃၇၃´ စာအုပ်မှ)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment