Tuesday, April 17, 2018

ဘုရားတည်ခြင်း နှစ်မျိုး။

     ဗုဒ္ဓဘာသာ အများစုသည်  ဘုရားတည်ရန် အလွန်စိတ်ဝင်စားကြ၏။ ဘုရားတည်ခြင်းသည်
မြေပြင်မှာတည်ခြင်းနှင့် လူသားများ၏ နှလုံးသား၌ တည်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်မှာ တည်
သောဘုရားသည် သဘာဝ ရာသီဥတုဒါဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်
သွားရသည်သာ ဖြစ်၏။ စာပေများ သင်ကြားပို့ချပေးခြင်း၊ တရားပွဲများ ကျင်းပ၍ ဟောကြားပြသ
ပေးခြင်းသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။
         တကယ့်အရေး တကယ့်ဘေးနှင့် ကြုံရသောအခါ မြေပြင်မှာ တည်ထားသော ဘုရားစေတီ
များသည် သာသနာ မကွယ်ပျောက်အောင် တားဆီးကာကွယ်နိုင်စွမ်း မရှိပေ။ ထို အချက်ကို ဗုဒ္ဓ
ဘာသာ ကွယ်ပျောက်သွားသော နိုင်ငံများမှ ရုပ်ပွားစေတီများက သက်သေပြလျက်ရှိ၏။ မြန်မာ
နိုင်ငံ ကဲ့သို့  တစ်ချိန်က ဗုဒ္ဓဘာသာ သာသနာ ထွန်းကာခဲ့သော အင်ဒိုနီးရှားနိုင်ငံတွင် ပေလေးရာ
ပတ်လည်မျှ ထုထယ်ကြီးမားသော “ ဗောဓောဗုဓု ” အမည်ရှိ ကျောက်စေတီတော်ကြီး ရှိနေသော်
လည်း ဗုဒ္ဓဘာသာဝင်များ မရှိတော့ပေ။
         အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာမီယန်မြို့တွင် ပေတစ်ရာကျော် မြင့်မားသော ကျောက်ဆင်းတု
ရုပ်ပွားတော်ကြီးများ ရှိသော်လည်း ဗုဒ္ဓဘာသာဝင်တို့ ကား မရှိတော့ပေ။
         ရုပ်ပွားတော်များကို စက်ရုံမှ ထုတ်လုပ်သလို ထုတ်နေကြပြီး လိုအပ်သည်ထက် ပိုမို ထု
လုပ်ကြသောအခါ တန်ဖိုးမထားတတ်ကြဘဲ တန်ဖိုးနည်းသွား၏။ ဗုဒ္ဓရုပ်ပွားတော်များသည် ရှိခိုးစ
ရာ၊ ကြည်ညိုစရာများ မဟုတ်တော့ဘဲ ကလေးကစားစရာ အရုပ်များလို အလှကြည့်ရန်ဖြစ်သွား၏။
ထို တစ်ထောင်ဘုရား၊ တစ်သောင်းဘုရားများသို့  လူအတော်များများ ရောက်ဖူးကြ၏။ မည်သူမျှ
အပါးစေ့ မရှိခိုးနိုင်ကြပါ။ အလှကြည့်ပြီးသာ ပြန်ကြရ၏။
         ထိုရုပ်ပွား တစ်ထောင်ဘုရား၊ တစ်သောင်းဘုရား တို့သည် ဆွမ်းတော်၊ ရေတော်ကပ်မည့်
သူမရှိ။ အမိုးအကာမရှိသော လွင်တီးခေါင်တွင် မိုးထဲရေထဲ သည်အတိုင်းပင် သီတင်းသုံးကြရ၏။
မိုးဒဏ်၊ နေဒဏ် ရာသီဥတုဒဏ်တွေကြောင့် များမကြာမီ ပျက်စီးနိုင်၏။
        “ အတွေးအခေါ် ဉာဏ်ပညာ ကြီးမားသောသူများသည် သူတစ်ပါးအမှားကိုကြည့်ပြီး သင်္ခန်း
စာ ယူတတ်ကြ၏။ အတွေးအခေါ် ဉာဏ်ပညာ နည်းပါးသူများသည် သူတစ်ပါးအမှားကို ကြည့်ပြီး
ကိုယ်မမှားအောင် သင်္ခန်းစာ မယူတတ်ကြ၊ ကိုယ်ကိုယ်တိုင် မှားမှ သင်္ခန်းစာ ယူတတ်ကြသည်။
အတွေးအခေါ် ဉာဏ်ပညာ အနည်းဆုံးသူများကား ကိုယ်ကိုယ်တိုင် မှားတာကိုပင် သင်္ခန်းစာမယူ
တတ်ကြ။ ” ဟူသော ဒဿနအတိုင်း မြန်မာဗုဒ္ဓဘာသာဝင်များသည် တခြားနိုင်ငံများ၏ အမှားကို
ကြည့်ပြီး မိမိတို့နိုင်ငံ မမှားအောင်၊ တနည်း  .. ဗုဒ္ဓဘာသာ မကွယ်ပျောက်အောင် သင်္ခန်းစာယူ၍
ကာကွယ်ကြရမည် ဖြစ်၏။ ထိုသို့ ကာကွယ်လိုလျှင် လူသားတို့၏ နှလုံးသားများတွင် ဘုရားစေတီ
များသထက်များအောင် တည်ပေးကြရမည် ဖြစ်၏။
           “ကိုယ်စီခပ်နှိပ်ကြ”
    *  အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
       အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
       မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
       အမြဲတစေ၊ တည်ရှိနေသို့၊
       ထိုထိုသွေးသား၊ ကလေးများ၌၊
       ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
       ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
       ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
       ကိုယ်စီခပ်နှိပ်  ကြစေသတည်း။ ။
       (တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
         ဒါကြောင့်မို့  မိမိတို့ တစ်တွေလည်း မိမိ၏နှလုံးသားတွင် ဘုရား၊ တရား၊ သံဃာ ကိန်းဝပ်ပြီး
   နှလုံသားတွင် ဘုရားတည်သူ ဖြစ်ကြပါစေ ကုန်သတည်း။ ။
 { မေတ္တာရှင်(ရွှေပြည်သာ) ၏ မေတ္တာဖြင့် စီးပွားရှာခြင်း ကို ကိုးကား ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment