# ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့၏ အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
##သန္ဓေ ၊ တောထွက်၊ ဓမ္မစက်
ဟောမြွက်သံချို၊ လဝါဆို....ဆိုသည်နှင်အညီ ဒီဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား မယ်တော်မာယာ ဝမ်းကြာတိုက်မှာ သန္ဓေယူတော်မူခဲ့တယ်။
#ကြင်ယာတော် ယသော်ဓရာနှင့် သားတော် ရာဟုလာ ကပိလဝတ္ထု ရွှေနန်းတော်ကို စွန့်ခွာပြီးတော့ တောထွက်တာမူခဲ့တာလည်း ဝါဆိုလပြည့်နေ့ပါပဲ။
##သန္ဓေ ၊ တောထွက်၊ ဓမ္မစက်
ဟောမြွက်သံချို၊ လဝါဆို....ဆိုသည်နှင်အညီ ဒီဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား မယ်တော်မာယာ ဝမ်းကြာတိုက်မှာ သန္ဓေယူတော်မူခဲ့တယ်။
#ကြင်ယာတော် ယသော်ဓရာနှင့် သားတော် ရာဟုလာ ကပိလဝတ္ထု ရွှေနန်းတော်ကို စွန့်ခွာပြီးတော့ တောထွက်တာမူခဲ့တာလည်း ဝါဆိုလပြည့်နေ့ပါပဲ။
#ဒီဝါဆိုလပြည့်နေ့မှာပဲ ဗာရာဏသီမြို့၏အနီး မိဂဒါဝုန်တောကို ကြွတော်မူပြီး ပဉ္စဝဂ္ဂီငါးဦး ( ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ၊) တို့အား တရားဦး ဓမ္မစကြာကို ဟောတော်မူခဲ့ပါတယ်။
#ထိုပဉ္စဝဂ္ဂီငါးဦး သာသနာတော်ကို ဝင်ရောက်ပြီးတော့ မြတ်စွာဘုရားသာသနာတော်၌ ပထမဦးဆုံး ဘုရား၊တရား၊သံဃာ ရတနာသုံးပါး စုံစုံလင်လင် စတင်ပေါ်ပေါက်ခဲ့တာလည်း ဒီဝါဆိုလပြည့်နေ့ပါပဲ။
#ဓမ္မစကြာ၌ ဒွေမေ ဘိက္ခဝေ အန္တာ၊ ပဗ္ဗဇိတေန
န သေဝိတဗ္ဗာ အစချီပြီ အစွန်းနှစ်ဘက်ကို ရှောင်ရှားပြီး အလယ်အလတ်( မစ္ဈိမပဋိပဒါ )ကျင့်စဉ်ကို ကျင့်သုံးကြလို့ ဟောကြားတော်မူခဲ့ပါတယ်။
ထိုအစွန်းနှစ်ဘက်ဟူသည်မှာ...အတ္တကိလမထာနုယောဂ= မိမိ၏ ခန္ဓာကိုယ်ကို နှိပ်စက် အပင်ပန်းခံပြီး ကျင့်တဲ့အကျင့်။
ကာမသုခလ္လိကာနုယောဂ= ကာမဂုဏ် အာရုံတွေနဲ့ ဇိမ်ခံပြီးကျင့်တဲ့အကျင့်။ ထိုအစွန်းအကျင့်တရားနှစ်ခုကို ရှောင်ရှားပြီး၊ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး မြတ်တရားကို ကျင့်သုံးပြီးတော့ သစ္စာလေးပါးကို သိမြင်အောင် ကြိုးစားရမယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။
#ဒီနေ့ထူးနေ့မြတ်တွေကို အမှီပြုပြီးတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊မေတ္တာဘာဝနာ ပွားများခြင်း စသော ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းလာတာလည်းပဲ အင်မတန် ချစ်စရာကောင်းတဲ့ ဓလေ့ကောင်းတွေပါပဲ။
ဒါကြောင့် ဝါဆိုလပြည် ဓမ္မစကြာနေ့မှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့အတိုင်း အစွန်းတရားနှစ်ပါးကို ရှောင်ရှားပြီး၊ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး မြတ်တရားကို ကိုယ်စီကိုယ်စီ ကျင့်သုံးကြပြီး သစ္စာလေးပါးကိုသိမြင်အောင် ကြိုးစားအားထုတ်နိုင်ကြလိမ့်မည်လို့မျော်လင့်လျှက်........
မေတ္တာဖြင့်...copy
No comments:
Post a Comment