မေး။ ။အရှင်ဘုရား၊ အမျှဝေ လင်္ကာ ဘုံသုံးဆယ့်တစ် စသောအပိုဒ်ပါ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ
တည်ရှိခုနစ်ပါး-ဆိုသည်ကို အဓိပ္ပါယ်သိလိုပါသည်၊ ရှင်းလင်းပေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။
( ဦးနေ၀င်း-ကျောက်တန်းရွာ၊ ပဲခူးမြို့နယ် )
တည်ရှိခုနစ်ပါး-ဆိုသည်ကို အဓိပ္ပါယ်သိလိုပါသည်၊ ရှင်းလင်းပေးတော်မူပါရန်
လျှောက်ထားပါသည်ဘုရား။
( ဦးနေ၀င်း-ကျောက်တန်းရွာ၊ ပဲခူးမြို့နယ် )
( ဖြေ ) ဆရာတော် ဦးတိလောကသာရ (ရဝေထွန်း)
လွယ်ကူစွာမှတ်သားနိုင်ရန် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးမှစ၍ ဖြေကြားပါမည်၊
၎င်းမှာ ပဋိသန္ဓေ၀ိညာဉ်၏ တည်ရာခုနစ်ပါး ဖြစ်သည်။
လွယ်ကူစွာမှတ်သားနိုင်ရန် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးမှစ၍ ဖြေကြားပါမည်၊
၎င်းမှာ ပဋိသန္ဓေ၀ိညာဉ်၏ တည်ရာခုနစ်ပါး ဖြစ်သည်။
၁။ လူ့ပြည်၊ နတ်ပြည် ခြောက်ထပ်၊ ဤခုနစ်ရပ်သည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန်လည်း အထူးထူး၊ ပဋိသန္ဓေလည်း အထူးထူးရှိ၍ နာနတ္တကာယ နာနတ္တသညီ မည်၏။
၂။ ပထမဈာန်သုံးဘုံ၊ အပါယ်လေးဘုံ၊ ဤခုနစ်ဘုံသည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်ကား အထူးထူး၊
ပဋိသန္ဓေကား ပထမဈာန်သုံးဘုံ၌ ပထမဈာန် ၀ိပါက်စိတ်၊
အပါယ်လေးဘုံ၌ အကုသလ၀ိပါက် သန္တီရဏစိတ် တခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ မည်၏။
ပဋိသန္ဓေကား ပထမဈာန်သုံးဘုံ၌ ပထမဈာန် ၀ိပါက်စိတ်၊
အပါယ်လေးဘုံ၌ အကုသလ၀ိပါက် သန္တီရဏစိတ် တခုစီသာဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ မည်၏။
၃။ ဒုတိယဈာန် သုံးဘုံသည် သတ္တ၀ါတို့၏ ကိုယ်သဏ္ဍာန် အရောင်အ၀ါကား တူ၏၊
ဒုတိယဈာန် ၀ိပါက်၊ တတိယဈာန် ၀ိပါက် ပဋိသန္ဓေ ထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ မည်၏။
ဒုတိယဈာန် ၀ိပါက်၊ တတိယဈာန် ၀ိပါက် ပဋိသန္ဓေ ထူးခြား၍ ဧကတ္တကာယ နာနတ္တသညီ မည်၏။
၎။ တတိယဈာန်သုံးဘုံ , ဝေဟပ္ဇိုလ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် သတ္တ၀ါတို့ ကိုယ်သဏ္ဍာန်လည်း တူသည်၊
ပဋိသန္ဓေလည်း စတုကနည်းအားဖြင့် စတုတ္ထဈာန် ၀ိပါက်စိတ်တပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီ မည်၏။
ပဋိသန္ဓေလည်း စတုကနည်းအားဖြင့် စတုတ္ထဈာန် ၀ိပါက်စိတ်တပါးသာဖြစ်၍ ဧကတ္တကာယ ဧကတ္တသညီ မည်၏။
၅။ အာကာသာနဉ္စာယတန။
၆။ ၀ိညာဏဉ္စာယတန။
၇။ အာကိဉ္စညာယတန
ဤအရူပ သုံးဘုံသည် သညာတပါးစီဖြစ်၍ တဘုံစီယူလျှင် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သည်။
၆။ ၀ိညာဏဉ္စာယတန။
၇။ အာကိဉ္စညာယတန
ဤအရူပ သုံးဘုံသည် သညာတပါးစီဖြစ်၍ တဘုံစီယူလျှင် ၀ိညာဏဋ္ဌိတိ ခုနစ်ပါး ဖြစ်သည်။
ယင်းတွင် သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သော နေ၀သညာနာသညာဘုံနှင့်
လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံကို မထည့်ဘဲ ထားရသည်။
လုံးဝသညာ (စိတ်) မရှိသော အသညသတ်ဘုံကို မထည့်ဘဲ ထားရသည်။
သတ္တာဝါသ ဘုံကိုးဝ ယူရာ၌ကား
နေ၀သညာနာသညာဘုံကို တရပ်၊
အသညသတ်ဘုံကို တရပ် ထည့်၍ ကိုးပါးယူရသည်။
ဤသို့ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးကို မှတ်သားသင့်ပါသည်။
နေ၀သညာနာသညာဘုံကို တရပ်၊
အသညသတ်ဘုံကို တရပ် ထည့်၍ ကိုးပါးယူရသည်။
ဤသို့ သတ္တာဝါသ ဘုံကိုးဝနှင့် ၀ိညာဏဋ္ဌိတိ ခုနစ်ပါးကို မှတ်သားသင့်ပါသည်။
ယင်းနှင့်ပတ်သက်၍ ရှေးဆောင်ပုဒ်လင်္ကာမှာ-
လူ့ပြည်နှင့်နတ်၊ သတ်လျှင်နာနာ၊ ပထမာဈာန်၊ လေးတန်ပါယ်ခွင်၊ သတ်လျှင် နာဧ၊
ဒွေဈာန် နှစ်ရပ်၊ ဧ နာဟတ်၊ အသညသတ်ပြည်၊ အသညီ၊ ကြွင်းပြည် န၀ါ၊ ဧဧသာ၊
အရူပါမှ၊ ဘုံလေးဝ၊ သတ္တ၀ါသာ၊ ဘုံကိုးရွာ။
ဟူ၍ ဖြစ်ပါသည်။
ရတနာဝါသဘုရားကျောင်းဆိုဒ်မှ
MS

No comments:
Post a Comment