”ကောင်းမှု”
xxxxxxxxx
”ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။ ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓမတ္တနော”။ ။
ဘ၀ပေါင်းစု၊ သောင်းအထုတွင်၊
ကောင်းပြုကောင်းပြော၊ ကောင်းသဘောနှင့်၊
ကောင်းသောနှလုံး၊ တဖြောင့်သုံး၍၊
သက်လုံးစင်ဖြူ၊ ထိုသည့်သူကား၊
”ငါမူကောင်းမှု၊ အစုစုကို၊
ဆည်းပြုခဲ့မိ၊ ရတော်ဘိ” ဟု၊
မိမိပြုမူ၊ သန့် စင်ဖြူ၍၊
ပြစ်မြူမနှော၊ ဤသဘောကို၊
တွေးတောမိတိုင်း၊ ပီတိလှိုင်းဖြင့်၊
ယှက်သိုင်းရစ်လည်၊ ချမ်းမြေ့ကြည်လျက်၊
ဤသည်ဘ၀၊ နောင်ဘ၀နှင့်၊
ဘ၀ဆက်ဆက်၊ သံသာစက်တွင်၊
စိတ်လက်ကြည်သာ၊ ရုပ်လန်းဖြာ၍၊
ချမ်းသာကောင်းကျိုး၊ ဒီရေတိုးသို့ ၊
ဖွံ့ ဖြိုးကြီးကျယ်၊ ပွင့်လန်းကြွယ်သည်၊
ထက်ဝယ်နတ်ထံ၊ စံဖို့ တည်း။ ။ ။
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment