ဘ၀ (LIFE)
=========
အရှင်ဘုရားရဲ့ ဘ၀အမြင်လေးလည်း သိပါရစေဘုရား။”
=========
အရှင်ဘုရားရဲ့ ဘ၀အမြင်လေးလည်း သိပါရစေဘုရား။”
“ဘ၀ဆိုတာ အလုပ်လုပ်ခြင်း၊ ဘ၀ဆိုတာ သေဆုံးခြင်းလို့ပဲ ဘ၀ကို အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ လုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်၊ မလုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်၊ လုပ်နေရတာဟာ ဘ၀ပါပဲ။
အလုပ်ဆိုတဲ့စကားထဲမှာ အကျိုးခံစားတဲ့အလုပ်ရော၊ အကြောင်းဖန်တီးလာတဲ့အလုပ်ရော ပါဝင်ပါတယ်။
ဒါပေမယ့် တကယ်တန်းကျတော့ ဘ၀ဆိုတာ အကျိုးခံစားတဲ့အလုပ် လုပ်နေရတဲ့အချိန်ထက် အကြောင်းဖန်တီးတဲ့အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ရင်း ပေးဆပ်နေရတဲ့အချိန်က ပိုများပါတယ်။
ပြီးတော့ သေဆုံးခြင်းဟာ ဘ၀ပါပဲ။ လူ့ဘ၀ရဲ့ နောက်ဆုံးပန်းတိုင်ဟာ သေဆုံးခြင်းလို့ ပြောကြပေမယ့် တကယ်တော့ အသက်ရှင်နေတဲ့အချိန်တိုင်း၊ အချိန်တိုင်းမှာလည်း ဘ၀ဟာ သေဆုံးနေပါတယ်။ ဘ၀တစ်ခုသေဆုံးပြီးမှ ဘ၀တစ်ခုဖြစ်နေကြရတာပါ။
ဥပမာ၊ ကျောင်းသားဘ၀သေဆုံးပြီးမှ ဆရာဝန်ဘ၀၊ ဆရာဝန်ဘ၀သေဆုံးပြီးမှ တရားသမားဘ၀ စသည်ဖြင့်ပေါ့လေ၊ ကျောင်းသားဘ၀မှာလည်း မူလတန်းကျောင်းသားဘ၀ သေဆုံးပြီးမှ အထက်တန်းကျောင်းသားဘ၀ စသည်ဖြင့် အဆင့်ဆင့် သေဆုံးခဲ့ရတာပါပဲ။
ဒါအကြမ်းအားဖြင့်ပြောတာပါ။ ဒီလောက်ဖြေရင် ဒီထက် အသေးစိတ်ပြီး ဆင်ခြင်ကြည့်နိုင်ပါတယ်။
မနေ့ကဘ၀ သေဆုံးပြီးမှ ဒီနေ့ဘ၀၊ ပြီးခဲ့တဲ့ နာရီ၊ မိနစ်၊ စက္ကန့်ဘ၀ သေဆုံးပြီးမှ အခုနာရီ၊ မိနစ်၊ စက္ကန့်ဘ၀ ဖြစ်ရတာပါ။
လူတစ်ယောက်ဟာ အချိန်မရွေးသေဆုံးသွားနိုင်တဲ့အတွက်၊ အသက်ရှင်သန်မှုဟာ သေခြင်းတရားနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘ၀သည်ပင်လျှင် သေဆုံးခြင်းပါပဲ။
ဘ၀ဆိုတာအလုပ်လုပ်ခြင်းနဲ့ ဘ၀ဆိုတာသေဆုံးခြင်းဆိုတဲ့ စကားနှစ်ရပ်ကို ဆက်စပ်ကြည့်လိုက်ရင် သေခြင်းတရားက လွတ်မြောက်နိုင်တဲ့အလုပ်ကိုလုပ်နေတာဟာ အဓိပ္ပာယ်ရှိတဲ့ဘ၀ကို တည်ဆောက်နေတာပါ။”
ဆရာတော်အရှင်ဆန္ဒာဓိက ဖြေဆိုတာကို ကြည်ညိုမိတဲ့အတွက် ပြန်လည်ကူးယူတင်ပြပေးခြင်း ဖြစ်ပါတယ်။
Credit original writer
MS
Credit original writer
MS
No comments:
Post a Comment