တစ်ခြမ်းတည်း ကျန်ချင်ကျန်ပါစေ..
အရေးမကြီးပါဘူး......
ဝိနည်းလွတ်ပြီး သာသနာပြုရမယ်ဆိုတာ..
မဟုတ်သေးပါဘူး......
*ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး*
ဦးပဉ္စင်းတို့ စိတ်ကူးနဲ့ သေကြည့်ကြ ..
ကိုယ့်မှာ မြင့်မြတ်တဲ့ တရားမပါဘဲနဲ့ သေရဲပါ့မလား?
စာမေးပွဲအောင်ထားတဲ့ ဂုဏ်တို့ ကျော်ဇောမှုဂုဏ်တို့
ဘုန်းကြီးမှု ဂုဏ်တို့ဟာ ..
သေရဲတဲ့ လက်နက် ဟုတ်ရဲ့လား?
* စဉ်းစားကြည့်ကြစမ်း ။
စာမေးပွဲ မအောင်လို့ ဘာမှမဖြစ်ဘူး ။
ဂုဏ်မရှိလို့လည်း ဘာမျှ မဖြစ်ဘူး ။
ဝိနည်းကို မလေးစားလို့ သီလမပါဘူးဆိုရင်တော့
သေချာပြီ *အဝီစိက စောင့်ကြိုနေပြီ……စိတ်ချ။*
လူတွေမှာလည်း ထို့အတူပါပဲ ...
ဂုဏ်သိမ်ငယ်လို့ ပိုက်ဆံမရှိလို့
ဒါနမပြုလို့ ဘာမျှ မဖြစ်သေးပါဘူး ။
သီလမရှိရင်တော့ ...
သူ့လမ်းစဉ်အတိုင်း သွားမှာပဲ မနေဘူး။
အဲဒါ……ကိုယ့်လမ်းနဲ့ကိုယ် မမေ့ကြနဲ့။
ခေတ်အလိုက် ကိုယ်ကျင့်တရားတွေ
ပျက်နေကြပေမယ့်
အဲဒီထဲ *တို့မပါစေရဘူး* လို့
စိတ်ကို ခိုင်ခိုင်မြဲမြဲ ဆောက်တည်ထားပါ။
ကိုယ့်ဘာသာကိုယ် ပြု ပြင်နေတတ်မှ
တော်ကာ ကျမယ်နော်။ ။*******
(အရှင်ဇနကာဘိဝံသ၏ နံနက်ခင်း သြဝါဒများမှ )ရေးသားပူဇော်အပ်ပါသည်။
မှတ်သားစရာ စကားစုများ 6 October at 23:47 (2018)
No comments:
Post a Comment