ဒု = မကောင်းသဖြင့် သို့မဟုတ် မှားမှားယွင်းယွင်း ရုပ်နာမ်တို့သဘောကို ပိုင်းခြား
သိမ်းဆည်း ဝေဖန်ခြင်း မရှိဘဲ၊ “ငါ” လဲမဖြုတ်နဲ့ (ဗလ) အားကောင်းကောင်းနဲ့ သို့မဟုတ်
ကြိုးကြိုးစားစား “ငါ” တန်းလန်းနဲ့ အတ္တမှ ကင်းဆိတ်ခြင်း သုံညသဘောကို ကြားနာရှုမှတ်
ကာ နေခြင်းဖြစ်ပါတယ်။
ဆိုလိုရင်းသဘောကတော့ ဒုဗ္ဗလ၀ိပဿနာဆိုတာ ၀ိပဿနာဖြစ်ကြောင်း မူရင်းဖြစ်တဲ့
နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ် စတဲ့ သိရိုးသိစဉ်တွေကို ခုန်ကျော်ပြီး၊ ရုပ်နာမ်တို့
၏ ဖြစ်ပျက်မှု “ငါ” “ငါ့ဥစ္စာ” အတ္တကင်းဆိတ်မှုကို၊ “ငါ” သိမှတ်နေတဲ့ ၀ိပဿနာအတုကို
“ဒုဗ္ဗလ၀ိပဿနာ” ဟု ခေါ်ပါတယ်။ အကြောင်းအကျိုး သိမ်းဆည်းမှု အခြေခံမပါသော ၀ိပဿ
နာကို ဆိုလိုပါတယ်။ ၀ိပဿနာအတု ဟုမှတ်ရပါမယ်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment