Tuesday, December 18, 2018

အဓိပ္ပါယ်မသိတဲ့ “ဥုံမဏိပဒ္ဓေဟုံ”။

        “ဥုံမဏိပဒ္ဓေဟုံ” စာတန်းကို မော်တော်ကားမှာကပ်သူကပ်၊ လ္ဘက်ရည်ဆိုင်မှာချိတ်သူချိတ်၊
ဘုရားခန်းမှာထားသူထား၊ အဆောင်အယောင်အဖြစ် ကိုယ်နဲ့မကွာ ဆောင်သူဆောင်နှင့် ရိုးရိုး
စက္ကူကပ်ပြားအဆင့်သာ မဟုတ်တော့ဘဲ တန်ဖိုးရှိပစ္စည်းများဖြင့် သားသားနားနားပင် လုပ်ပြီး

ကိုးကွယ်မှုဆိုင်ရာ လုပ်လာကြပါသည်။ အဓိပ္ပါယ်မသိတဲ့သူ ရာနှုန်းပြည့်နီးပါး ရှိပါမည်။ သိလျှင်
လည်း ချိတ်ဆွဲကြမှာ မဟုတ်ပါ။
         “ဥုံမဏိပဒ္ဓေဟုံ” သည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့်ဆိုင်သော ကိုးကွယ်မှုစာတန်း မဟုတ်ပါ။
မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းဆိုင်ရာ မန္တာန်ဖြစ်ပါသည်။ ဤစာတန်းကို လက်ခံထား
လျှင် မယာယာနကို အထင်ကြီးသူဖြစ်သည်ဟု ထင်မြင် သတ်မှတ်နိုင်ပါသည်။ အဓိပ္ပါယ်ကား...
  မဏိ = ပတ္တမြားသည်
  ပဒ္ဓေ = ပဒုမ္မာကြာထဲ၌
  ဟုံ   = ဖြစ်လာသည်။
           ( ပတ္တမြားသည် ပဒုမ္မာကြာထဲ၌ ဖြစ်လာသည်။ )
         မဟာယာန အနွယ်ဝင်တို့ အားထားကိုးကွယ်ရာ အ၀လောကီတေသာရအရှင်ကို
အမွှန်းတင် ဆုတောင်းသော မန္တာန်ဖြစ်သည်။ “ပတ္တမြားရတနာနဲ့တူသော အ၀လောကီတေသာရ
အရှင်သည် ကြာပွင့်ကြီးထဲ ဖြစ်ထွန်းလာသလို ကျွန်ုပ်၏ နှလုံးအိမ်မှာလဲ ဗောဓိဉာဏ်ဖြစ်ထွန်း
ပါစေ” ဟု အဓိပ္ပါယ်ရသည်။
         ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့အနေနဲ့  “ဥုံမဏိပဒ္ဓေဟုံ” စာတန်းကို လက်ခံကိုးကွယ်နေလျှင်
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသော မြတ်စွာဘုရား၏ ကျင့်လမ်းစဉ်ကို သွေဖယ်ရာ
ရောက်ပါမည်။ အုတ်ရောရော၊ မြက်ရောရော ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့ ဖြစ်နေမှန်းမသိ ဖြစ်
နေပါမည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဘုရားစင်သန့်ရှင်းရေးနှင့် သုံးဆယ့်တစ်ဘုံ မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment