နိုင်တဲ့အခါ မြတ်စွာဘုရားက (အကြံဉာဏ်) ဆုံးမသြ၀ါဒပေးထားပါတယ်။ အဲဒီလို မဆုံးဖြတ်နိုင်တဲ့
အခါ သေချာတာကိုလုပ်ပါတဲ့။
ဒီဘ၀မှာ ကောင်းအောင်နေခြင်းဖြင့် နောင်ဘ၀အရေး စိတ်အေးရမယ့် အချက်လေးချက်ကို
မြတ်စွာဘုရား ဟောထားပါတယ်။ တချို့ဘာသာရေးဆရာက ဟောတယ်၊ (၁) တမလွန်လောက
မရှိဘူးလို့ ဟောတယ်။ (၂) တချို့က ရှိတယ်လို့ ဟောတယ်၊ အဲဒီလို-ဆန့်ကျင်ဘက် နှစ်ခုကြားမှာ
မြတ်စွာဘုရား ဟောကြားထားတာက “ဒီဘ၀မှာ ကောင်းအောင်လုပ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့နေ၊
အများအတွက် ကိုယ်ကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟ အခြေခံတဲ့ အကုသိုလ်တွေ စွန့်ပယ်ပြီး
အလောဘ၊ အဒေါသ၊ အမောဟ အခြေခံတဲ့ ကုသိုလ်တရားတွေ ပြီးပြည့်စုံ အောင်လုပ်” ပါတဲ့။
အဲဒီလို ဖြူစင်နေတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တမလွန်လောက မရှိလည်း ဘာမှ ပူစရာ မလိုပါ။
ဒီဘ၀မှာ ကောင်းမှုကုသိုလ်တွေ ရှိနေရင် တမလွန်လောက ရှိပြီဆိုရင်လည်း ဟိုဘ၀မှာ ချမ်းသာတဲ့
ဘ၀ ရောက်သွားပါမယ်၊ ဒါဆို-စိတ်သက်သာရာ
ရသွားပါတယ်။ ဘယ်ဘက်က ကြည့်ကြည့် သူ့အတွက်က လုံလောက်ပါတယ်။ ဒီဘ၀မှာ ကောင်း
အောင်နေသည့် အတွက်ကြောင့် တမလွန်ဘ၀ ရှိတယ်ဆိုရင်လည်း နောင်ဘ၀ ငါကောင်းတဲ့ဘုံ
ရောက်မှာပါပဲ၊ တမလွန်လောက မရှိဘူးဆိုရင်လည်း ဘာမှ ပူစရာကိစ္စမရှိပါ။ ဒီဘ၀မှာ ကောင်းမှု
ကုသိုလ်တွေ လုပ်နေခြင်းဖြင့် ကိုယ့်ကိုကိုယ် ချမ်းချမ်းသာသာနဲ့ ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ပါ
တယ်။ ဒီလိုနဲ့- စိတ်သက်သာရာ နှစ်မျိုးရပါတယ်။
နောက် (၃) အကုသိုလ်ဆိုတာ မရှိဘူး၊ အကုသိုလ် ဆိုတာ လုပ်လို့မရဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်
က တစ်ဦး၊ (၄) လုပ်လို့ရတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ကတစ်ဦး၊ ဒီလိုနှစ်မျိုး ကွဲနေပါတယ်။ လုပ်လို့မရ
ဘူးဆိုရင် ငါကိုယ်တိုင်ကမှ အကုသိုလ်မလုပ်တာ၊ မလုပ်ရင် အကုသိုလ်အကျိုး ဘယ်လာမလဲလို့
သက်သာရာရပါတယ်။ နှစ်ဖက်စလုံး သူ့အတွက် သေချာပေါက်ချည်းပဲ။ မလုပ်ခြင်းကြောင့်လည်း
အကုသိုလ်မရဘူး၊ လုပ်မဖြစ်ခြင်းကြောင့်လည်း အကုသိုလ် မဖြစ်ဘူး။ အဲဒီတော့ လေးဘက်လေး
တန်က သက်သာရာရပါတယ်။ ဒီလို- သေချာတဲ့ နည်းစနစ်ကို လိုက်နာကျင့်သုံးရမယ်လို့ မြတ်စွာ
ဘုရားက ကာလာမသုတ်မှာ ဟောကြားထားပါတယ်။
မြတ်စွာဘုရားက အကုသိုလ်တွေရှောင်ဖို့၊ ကုသိုလ်တွေဆောင်ဖို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာတရားတွေ ပွားများ အားထုတ်ကြဖို့ဆိုတဲ့ ဒီအခြေခံတရားတွေကို ကာလာမ အမျိုးသား
တွေကို ဟောကြားသွားပါတယ်။ ကေသမုတ္တိယာ ကာလာမာကေသမုတ္တနိဂုံးမှာနေတဲ့ ကာလာမ
လူမျိုးတွေ အင်မတန်မှ သဘောကျပြီး နောက်ဆုံး ဗုဒ္ဓဘာသာအဖြစ်ကို ခံယူကြပါတယ်တဲ့၊
ဒါက-ကွယ်လွန်ပြီးတဲ့နောက် စိတ်ပူစရာ မလိုတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား
ဟောကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘ၀မှာ တကယ် ဆင်ခြင်စဉ်းစားရမှာက
အပြစ်ရှိတဲ့အရာလား အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့
အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်သ
လား ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်ပါတယ်။ ဒီ- အတိုင်းအတာတွေနဲ့ ဆင်ခြင်
သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။
{၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ၂၆-၁၁-၂၀၁၁ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊
မဟာအောင်မြေမြို့နယ်တွင် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော“ကာလာမသုတ်
အနှစ်ချုပ်” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment