Saturday, March 30, 2019

၅၁၂,၀၂၈ ဆူသောဘုရားရှင်တို့အား ရှိခိုးပူဇော်ခြင်းအကျိုး။

          ၅၁၂,၀၂၈ ဆူသောဘုရားရှင်တို့အား ရှိခိုးပူဇော်ခြင်း ဂါထာတော်ကို ပုဂံခေတ် အရှင်
 ဉာဏဂမ္ဘီပြုစုသောကျမ်းတွင် တွေ့ရသဖြင့် အရှင်ဉာဏဂမ္ဘီဆရာတော်သော်လည်းကောင်း၊
ရှေးကသော်လည်းကောင်း၊ မသေချာပါဟု ပညာရှိရဟန်းများက သုံးသပ်ခဲ့ပါသည်။

         ဂါထာတော်အရ အသေင်္ချေ  ၂၀ - အတွင်း ( တစ်သေင်္ချေသည် တစ်နောက်မှ သုံည
ပေါင်း တစ်ရာ့လေးဆယ်ဟု ဖေါ်ပြတတ်ကြပါသည်။) ပွင့်သောဘုရားပေါင်း ငါးသိန်းတစ်သောင်း
နှစ်ထောင်နှစ်ကျိတ်ရှစ် (၅၁၂,၀၂၈) ဆူအား ရှိခိုးသောဂါထာ ဖြစ်ပါသည်။
         အကျယ်ပြောရလျှင် ၇ - သင်္ချေအတွင်း ပွင့်တော်မူသော တစ်သိန်းနှစ်သောင်းငါး
ထောင် ( ၁၂၅,၀၀၀ ) သော ဘုရားရှင်အားလည်းကောင်း၊ ၉ - သင်္ချေအတွင်း ပွင့်တော်မူ
သော သုံးသိန်းရှစ်သောင်းခုနှစ်ထောင် ( ၃၈၇၀၀၀ ) သော ဘုရားရှင်တို့အားလည်းကောင်း၊
၎ - သင်္ချေအတွင်း ပွင့်တော်မူသော နှစ်ကျိတ်ရှစ် ( ၂၈ ) ဆူသော ဘုရားရှင်တို့အားလည်း
ကောင်း၊ သုံးခုပေါင်း ပွင့်သောဘုရားပေါင်း ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်
(၅၁၂,၀၂၈) ဆူကုန်သော ဘုရားရှင်တို့အား ကျွန်ုပ်ရှိခိုးပါ၏ဟု ဆိုလိုပါသည်။ ဤ ဂါထာကို
ရွတ်ခြင်းဖြင့် အန္တရာယ်ဟူသမျှ ကင်းမယ်လို့ ယုံကြည်မှုလည်းရှိရပါမယ်၊ ရွတ်တဲ့အခါမှာလည်း
ဂါထာရဲ့ အနက်အဓိပါယ်ကို သိမယ်ဆိုရင် တကယ်အန္တရာယ်ကင်းနိုင်ပါတယ်။ 
သမ္ဗုဒေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿာနိ၊ နမာမိ သီရသာမဟံ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာနိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
ဂါထာတော်၏ မြန်မာပြန် လိုရင်းကား ===
   ၁။ ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကို တပည့်တော်
ဦးတိုက် ရှိခိုးပါ၏။
   ၂။ ဂင်္ဂါသဲစုမက မရေမတွက်နိုင်သော များပြားသော ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်များနှင့်
၎င်းတို့၏ တရားတော်၊ သံဃာတော်များကို တပည့်တော် ရိုသေစွာရှိခိုးပါ၏။
   ၃။ ရှိခိုးရသော အာနုဘော်ကြောင့် အားလုံးသော ဘေးဥပါဒ်များ ကင်းရှင်း၍ အန္တရာယ်
ဟူသမျှ အကြွင်းမဲ့ ပျောက်ပျက်ပါစေ ကုန်သတည်း။  ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာ၊ လာဘ်ပေးလာဘ်ယူနှင့် နည်းမှန်သပိတ်သွပ်နည်းမှ
         ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment