Friday, March 15, 2019

ထေရ၀ါဒနဲ့ မဟာယန ဘာကွာသလဲ ?။

      သမီးမေးတဲ့ မေးခွန်းမှာက ဒီအကြောင်းတွေကိုဖတ်ပြီး မေးတာမဟုတ်ဘဲ မဖတ်ဘဲမေးတာဖြစ်နေတယ်။
ကြားရုံလေးနဲ့မေးတာ ဖြစ်နေတယ်။ နောက်ပြီး ထေရ၀ါဒနဲ့ မဟာယန ဘာကွာသလဲဆိုတာလေးတွေကို
ရေးထားတဲ့စာအုပ်တွေလည်း များပါတယ်။ နိုင်ငံခြားမှာ ဘုန်းဘုန်းတို့ကိုကြုံရင် သတင်းထောက်တွေက

မေးတတ်ကြတယ်။ ထေရ၀ါဒနဲ့ မဟာယန ဘာကွာသလဲ မေးတယ်။ မေးတဲ့မေးခွန်းပေါ်မူတည်ပြီး
ဘုန်းဘုန်းကဖြေတယ်။ သူတို့က သတင်းလေးရေးဖို့လောက်ပဲ မေးတာလေ။ ခရေစိတွင်းကျ စာဖတ်ထားရင်
ဒီမေးခွန်းက မေးစရာမလိုဘူး။
               ဒီတော့ ဘုန်းဘုန်းက ဖြေလိုက်တယ်.. " အဖေတူ အမေကွဲ "..။ သတင်းထောက်တွေကို အဲဒီိလို
ဖြေလိုက်တယ်။ " အဖေတူ အမေကွဲ " လို့.... ။ အဖေကတော့ " ဘုရား " အတူတူပဲလေ၊ ၀ိနည်းကျတော့
ကွဲသွားတာလေ... ။ အဲဒါကို အဖေတူ အမေကွဲလို့ ပြောလိုက်တယ်။ ကဲ... သမီး ဒါနဲ့ပဲ ကျေနပ်လိုက်ပါ။
            တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း သာသနာနှင့်ဆက်စပ်တဲ့ အရာတွေကို ခွဲခွဲခြားခြား
နားလည်သဘောပေါက်ကြပြီး သာသနာအဓွန့်ရှည်တည်တံ့ရေးအတွက် ရွက်ဆောင်နိုင်ကာ လိုရာခရီးရောက်
အောင်မြင်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းနှင့် မာဃစေတနာလူငယ်
ပရဟိတအသင်းတို့ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် Buddha's Teaching သင်တန်းတွင်
ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ ဖြေကြားသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။  }               
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

            ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment