ရူးရူး၊ မိုက်မိုက်ကန်းကန်း၊ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ချဲထိုးလိုက်တဲ့ အမေ၊ အဖေမျိုးရဲ့
(ကိုယ့်ဗိုက်)ကိုယ့်အိမ်ကို ဘယ်သူဝင်လာမှာလဲဆိုရင်..“လမ်းဘေးက ပြိတ္တာ”။ အဲဒီ ပြိတ္တာတွေပဲ
ဝင်တော့တာ။ ဘယ်နတ်သား၊ နတ်သမီးကမှ စုတေပြီး ၀င်ချင်စိတ်ကို မရှိဘူး။
တွေ့ဖူး၊ ကြားဖူးကြမှာပါ။ တချို့ဆိုရင် ဗိုက်ထဲမှာ သားသမီးရလိုက်တာနဲ့ကိုပဲ လင်မယား
တွေ ကွဲကုန်တယ်။ စီးပွားတွေ ပျက်စီးကုန်တာ။ ပြဿနာတွေက ရောက်လာလိုက်တာ။ အခက်
အခဲမျိုးစုံတွေ ကြုံစုံလိုက်တာ။
အဲဒါ ဘာလို့လဲဆိုတာ သေချာစဉ်းစားကြည့်ရင် အပါယ်လေးဘုံက ကုသိုလ်ကံ အလွန်နည်း
တဲ့သူတွေ ကိုယ့်ဗိုက်ထဲရောက်လာသလား ?. ကုသိုလ်ကံ အလွန်နည်းတဲ့သူ ကိုယ့်ဗိုက်ထဲရောက်
လာရင် ဘယ်လိုအကျိုးတွေပေးတယ်ဆိုတာ နားလည်စေချင်ပါတယ်။ အဲဒါကို နားမလည်တော့
လင်မယားကွဲတာ ယောက်မကြောင့်၊ ယောက်ဖကြောင့်၊ ယောက္ခမကြောင့် ဖြစ်ရတာလို့ ထင်ကုန်
တယ်။ အမှန်ကတော့ ကိုယ်ဗိုက်ထဲကို ရောက်လာတဲ့ သူနဲ့ပဲဆိုင်တယ်။
လောကသဘောနဲ့ပြောရရင် ကိုယ့်အိမ်ငှားကို ကောင်းကောင်းမရွေးဘဲ ကိုယ့်အိမ်ကို ကြုံရာ
လူတွေကိုငှားလိုက်တော့ စည်းမရှိ၊ ကမ်းမရှိ နေကြတော့၊ ကိုယ့်အိမ်ပဲ ဒုက္ခရောက်တာပေါ့။ ကိုယ့်
အိမ်ပဲ ပြဿနာများကာ ပျက်စီးကုန်တာပေါ့။ ဒီသဘော အတိုင်းပါပဲ (ကိုယ့်ဝမ်း)ကိုယ့်အိမ်ငှားကို
ရွေးတင်ငှားလိုက်ရင် မိဘတွေကတကယ်လို့များ သားကောင်းရတနာ၊ သမီးကောင်းရတနာတွေကို
ကိုယ့်ဗိုက်ထဲ ရောက်စေချင်တယ်၊ ရစေချင်တယ်ဆိုရင် ဘုန်းဘုန်းတို့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမအတိုင်း
ပြောပြရရင်တော့ မင်္ဂလာဆောင်ပြီးကတည်းက ဥပုသ်စောင့်ကြပါလား?၊ မြင့်မြတ်တဲ့ စိတ်ဓာတ်
ကောင်းတွေကို တတ်နိုင်သမျှမွေးထားပြီး ပြုမူဆက်ဆံရမယ်ဆိုတဲ့ အသိကလေးများရှိသွားရင်မိမိရဲ့
ဝမ်းကြာတိုက်ထဲ ငရဲ၊ တိရစ္ဆာ၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံက ဘယ်သူမှ ဘ၀ပြောင်းပြီး
ရောက်မလာနိုင်ဘူး။ အဲဒီလို.. သားသမီးရတနာတွေရအောင် နည်းကောင်းများကို သိရှိနားလည်
ဘောပေါက်ကြပြီး၊ အဖေကလဲ *သီလ၊ *သမာဓိ၊ *ပညာရှိ၊ အမေကလဲ *သီလ၊ *သမာဓိ၊
*ပညာရှိကြကာ၊ မိဘတွေ အလိုအပ်ဆုံး ဖြစ်တဲ့ *သားကောင်း ရတနာ၊ *သမီးကောင်း ရတနာတွေ
ရအောင် ကိုယ်တိုင် ရွေးချယ်ယူနိုင်သော သူတော်ကောင်းတွေ ဖြစ်ကြပါစေသတည်း။
{ ဓမ္မဒူတ အရှင်ဆေကိန္ဒဟော ကြားတော်မူသော “ ဘ၀ဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း ( ၁ ) ကိုယ့်အိမ် ကိုယ်ရွေး “ တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။ http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment