မောင်ပဉ္ဇင်းတို့ လောကထဲမှာ ကာလသားသမီးတွေ အတွဲတွဲသွားနေတာတွေကို အားမကျလိုက်ပါနဲ့။
သူတို့တွေက ဆီသည်မလက်သုတ်ပုဝါတွေကွဲ့။ လောဘဆိုလည်း ဖြစ်ချင်တိုင်းဖြစ်။ ဒေါသဆိုလည်း ဖြစ်ချင်တိုင်းဖြစ်။
မိုးမဆုံးအောင် ကိလေသာတွေနဲ့ လုံးထွေးနေကြတာတွေကွဲ့။
မောင်ပဉ္ဇင်းတို့က ဖြူစင်တဲ့ပုဝါလေးတွေကွဲ့။ ပုဝါဖြူလို ဖြူစင်တဲ့ မိမိကိုယ်ကို ကိလေသာညွှန်ပုပ်တွေ
မကပ်ငြိစေနဲ့ကွယ်။
ကဗျာလေးတစ်ပုဒ် လိုက်ဆိုကြကွဲ့..... ပြီးရင် အဆုံးသတ်ရအောင်။
" * ရာဂနှင့်တူ မီးအမူ ရှာမူမရှိမှတ်။
* ဒေါသနှင့်တူ အပြစ်ထူ ရှာမူမရှိမှတ်။
* ခန္ဓာနှင့်တူ ဆင်းရဲဟူ ရှာမူမရှိမှတ်။
* နိဗ္ဗာန်နှင့်တူ ချမ်းသာဟူ ရှာမူမရှိမှတ်။
* အတူတရား မရှိငြား လေးပါးသတိချပ်။
* ချမ်းသာလိုလျှင် သူတော်စင် မြင်အောင်ကြည့်အပ် ဤလေးရပ်။ "
ကဲ... မောင်ပဉ္ဇင်းတို့ အမြဲတမ်း ပုဝါဖြူလေး ဖြစ်ကြပါစေကွယ်။....
( ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ သုဓမ္မာစာရာဘိဝံသ၏ မဟာဝိဟာရကျောင်းတိုက်၌
ချီးမြှင့်တော်မူသော သြ၀ါဒတော် )
{ မဟာဝိဟာရကျောင်းတိုက် ဆယ့်ခြောက်နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment