Friday, July 12, 2013

အခါကောင်းတုန်းအနေကောင်းမှ




ကိုယ့်မှာ အကြီးအကျယ် မအိုသေးတာ ကောင်းတာပဲ၊
မနာသေးတာ အခါကောင်းတာပဲ။ ဒါ တရားအားထုတ်ဖို့ 
အခါကောင်းပဲတဲ့။ နောက် ဒုဗ္ဘိက္ခ န္တရဘေးကြီး၊
ပြည်ပျက်ဘေးကြီး၊ သံဃာအချင်းချင်း ငြင်းခုံနေကြတဲ့
ဘေးကြီး .. ဒီဘေး ၅ မျိုး ဆိုက်ရင်လဲ တရားအားထုတ်လို့ 
မရဘူး။ ခုအချိန် ခုအရွယ်ဟာ အချိန်ကောင်း အခါကောင်းဗျာ့။



နေရေးလည်း မလွယ်၊ သေရေးလည်း မလွယ်၊
တရားနှင့် နေတတ်ဖို့ ၊ တရားနှင့် သေတတ်ဖို့ ဆိုတာ
သာပြီး မလွယ်သေး။ နေတတ်ရင်တော့ သေတတ်တော့
တာပါပဲ။

နတ်ပြည်ထက် သာတဲ့ဘ၀ ရနေလို့ မှ မနေတတ်ဘူး၊
မသေတတ်ဘူးဆိုရင် သည့်ထက်ညံ့တဲ့လူ ရှိပါဦးမလား။


ဂတိမြဲတဲ့ စူဠသောတာပန်ဆိုတာ တရားအားထုတ်တဲ့
လူတိုင်း ရနိုင်တယ်။ ပစ္စယပရိဂ္ဂဟဥာဏ်ခေါ်တယ်။
အဲဒီဥာဏ်ရောက်ရင် သံသရာခရီးမှာ သက်သာရာရ၊
အထိုက်အလျောက် အမောပြေသွားပြီ။

သာသနာက ရှိနေပေတဲ့၊ သမထ ၀ိပဿနာတရား
တွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။
ဒါန ယုဂခေတ် အလှူအတန်းလောက်နဲ့ သေသွား
ကြရတာ၊ အခုဟာက ၀ိမုတ္တိယုဂခေတ် လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်လောက်မှ
လူတွေ တရားထိုင်ကြရတယ်ဆိုတာ ရှိတာ၊
ရှေးက ရှိတာ မဟုတ်ဘူး။ ဒီအခါကောင်း မမေ့ကြနှင့်။

ဒါပေမယ့် ဒီလို ၀ိမုတ္တိခေတ်ကြီးမှာ အမောပြေရုံနှင့်
မကျေနပ်သင့်ဘူးဗျာ့၊ ပိုင်အောင်ကို လုပ်ထားရမှာ။
တစ်ထောက်နားလို့ အမောပြေ၊ ဆက်သွားတော့
ဒုက္ခတွေက အများကြီး...။

ပိုင်အောင်တော့ လုပ်ထားတာပဲ။ ဒါပေမယ့် မပိုင်ပဲနှင့်
အိုးစားခွဲရရင်လည်း မပူနှင့်၊ နတ်ရွာသုဂတိ တန်းနေတာပဲ။
အဲ...ဟိုရောက်တော့ ကိုယ်ဒီမှာ လုပ်ထားတဲ့ တရားတွေက
ချက်ချင်းပေါ်လာတာပဲ. သတိရ အောက်မေ့နေတာကမှ
နောက်ကျနေသေးသတဲ့။

နောက်ပြီး အဲဒီ နတ်ပြည်မှာက ဘုရားကို သိမီလိုက်တဲ့
အရိယာနတ်သားတွေ ရှိနေကြသေးတယ်။ သူတို့ 
တရားဟောတာ နာကြရလိမ့်မယ်။ အဲဒီမှာ အရိယာ
ဖြစ်နိုင်တယ်။ ခု လုပ်ထားတာတွေက အလကားမဖြစ်ဘူး။

(ကျေးဇူးရှင် မောင်းထောင်မြေဇင်းဆရာတော်ကြီး)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

မူကြိုဆရာ၏ဘလော့များကိုwww.facebook.com/damanady.tk တွင်လဲဖတ်ရှုနိင်သည်...။

No comments:

Post a Comment