ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ တစ်တွေ အဲဒီတုန်းက
ဘယ်ချောင်ကပ်နေမှန်းမှ မသိတာ၊ ရှောင်ခဲ့ကြတာလေ။
ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်အဆူဆူ ရှောင်ခဲ့ကြတာ၊
အရှောင်ကောင်း အတိမ်းကောင်းတွေ၊ လူလည်တွေ၊
မိန်းမလည်တွေ ၊ ဟုတ်ဘူးလား။
ဘယ်လိုရှောင်နေနေ၊ ကပ်နေနေ မြတ်စွာဘုရားရှင်က
မြင်တော်မူတယ်ဗျာ့။ မယုံမရှိကြနှင့်။
ကိလေသာမြူ မထူထဲတဲ့ သတ္တ၀ါတွေ ရှိသေးသားပဲ။
ငါဟောရင် နားလည်မယ့်သူတွေ နောက်လဲ
ရှိနေကြသေးတာပဲ၊ မြင်တော်မူတယ်။
အဲဒီသတ္တ၀ါတွေ ငါမဟောလို့ တရားမနာရရင်
ဆုံးရှုံးနစ်နာကြရှာတော့မှာပ
အဲဒီလို မြင်တော်မူလို့  ၄၅ ၀ါကာလပတ်လုံး
အမျိုးမျိုးသော အတိုက်အခိုက်တွေကြားက မနားမနေ
တက်သုတ်ရိုက်ပြီး ပေးခဲ့တာဗျာ့။ ဒုက္ခခံ အသက်စွန့် ပြီး
ပေးခဲ့တာ။ ခု ဦးပဉ္ဇင်းတို့  ဘုန်းကြီးတို့ တစ်တွေ
လွယ်လွယ်ကလေး ရနေကြတာ နည်းတဲ့ကံတွေလား။
မြတ်စွာဘုရား ဦးပဉ္ဇင်းတို့ တစ်တွေကို မြင်တော်မူလို့ 
ထားခဲ့တာဗျာ့၊ အဲဒီထဲမှာ ကိုယ့်ဝေစုပါတယ်ဗျာ့။
ကိုယ့်ဝေစုကို ခုလို အချိန်အခါမျိုးမှ အရမယူနိုင်ဘူးဆိုရင်
သွားပြီဗျာ့။
မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ
အထူးသတိပေးသွားတယ်။ ဦးပဉ္ဇင်းတို့  ဘုန်းကြီးတို့ 
အခုနေကြရတာ ဘာမှအကောင်းမရှိဘူး။
"အပျက်တောကြီး"တဲ့။ "၀ယဓမ္မာ သင်္ခါရာ"
ပျက်ပြီးရင်း ပျက်ရင်း၊ တစ်ပျက်ထဲ ပျက်နေတဲ့ 
အပျက်တောကြီး...တဲ့။
"အပ္ပမာဒေန သမ္ပာဒေထ" - မမေ့ကြနှင့်၊
သတိလက်မလွတ်ကြနှင့် သတိမြဲကြ။ အမြဲတမ်း
ရှုမှတ်မှု သတိကလေးနှင့် နေကြ...တဲ့။
(မောင်းထောင်မြေဇင်း ဆရာတော်ကြီး)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကိုwww.facebook.com/damanady.tk တွင်လဲဖတ်ရှုနိင်သည်...။
No comments:
Post a Comment