မေတ္တာရှင်
အတွင်းရန်သူ
{ ရွှေပြည်သာ }
ဣဿာ မစ္ဆရိယ
မနာလို ဝန်တိုခြင်း
၃၅ - စိတ်ဆင်းရဲခြင်း အကြောင်းရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားကို မေးခဲ့ဖူးသည်။
“မြတ်စွာဘုရား လူနတ်သတ္တဝါအများတို့သည် ရန်ကင်းငြိုးလျက် ဒဏ်ကင်းလျက်
ရန်သူကင်းလျက် စိတ်ဆင်းရဲကင်းလျက် အမျက်ထွက်ခြင်းကင်းနေရခြင်းကို လိုချင်တောင့်တကြပါကုန်၏
သို့ပါလျက် ရန်ငြိုးရှိလျက် ဒဏ်ရှိလျက် ရန်သူရှိလျက် စိတ်ဆင်းရဲလျက်
အမျက်ထွက်လျက်နေကြရသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း “
ထိုအခါဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့် မစ္ဆရိယ ဝန်တိုခြင်း၊ ရှိသောကြောင့် ဟူ၍ ပြတ်ပြတ်သာသား
အဖြေပေး တော်မှုခဲ့ပါသည်။
၁၀ - ဆရာ၊ ဒကာဟုဆိုထားသော်လည်း သင်္ကန်:းဝတ်တိုင်းဆရာဖြစ်လာသည်မဟုတ်။ ဒကာ၊ ဒကာမများက မိမိတို့ထက် သီလ၊ သမာဓိ၊ ပညာသာသောအခါတွင် ဆရာအဖြစ် သတ်မှတ်သော အခါမှ ဆရာနေရာရောက်ရခြင်းဖြစ်၏
၁၅ - ဆင်းရဲ ခြင်း၏ အတိတ်အကြောင်းသုံးပါး
( ၁ ) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲခြင်း
( ၂ ) သူတစ်ပါး၏ ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲခြင်း
( ၃ ) ဣဿာ မ စ္ဆရိယများခဲ့သောကြောင့် ဆင်းရဲခြင်း (ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား)
၁၉ - မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်း ချမ်းသာကြရမည်။ (မဟာစည်ဆရာတော်)
၂၃ - သဘောထားသေးသိမ်သောသူသည် သူတစ်ပါး၏ အပြစ်ကိုသာ မြင်လေ့ရှိသည်။
သဘောထားပြည့်ဝသော
သူကားမိမိကိုယ်ကိုသာ အပြစ်မြင်တော့သည်။
သဘောထားအပြည့်ဝဆုံးသောသူသည်ကား
မည်သူ့အပေါ်မှ အပြစ်မမြင် တော့ပေ။ (ကွန်ဖြူးရှပ်)
၃၂ - ဝိပဿနာ တရားများ ဟောပြောပြသကြရာ၌ ကိုယ်တွေ့သုံးမျိုးရှိ၏ ယင်းတို့ကား
ဗုဒ္ဓကိုယ်တွေ့၊ ဆရာကိုယ်တွေ့၊ မိမိကိုယ်တွေ့ တို့ပင်ဖြစ်သည်။ ထိုသုံးမျိုးတွင်
မှားနိုင်သော ကိုယ်တွေ့ကား ဆရာကိုယ်တွေ့ နှင့် မိမိကိုယ်တွေ့ တို့ပင်ဖြစ်၏ ဗုဒ္ဓကိုယ်တွေ့တရားများကို
ပါဠိတော်၊ အဋ္ဌကထာတို့တွင် တွေ့မြင်နိုင်ပါ၏
၅၀ - " ညီရင်းနောင်ရင်း၊ နွယ်မကင်းသား
သားချင်းမျိုးဖော်၊
အကျော်ထင်ရှား
ဆွေတော်များကို၊ တရားမပျက်
မေတ္တာဆက်၍၊ မဖျက်ဆီးမှု
ချီးမြှောက်ပြုလော့၊
သူ့ကိုချီးမြှောက်
ကိုယ့်ဂုဏ်မြှောက်၏၊ ယွင်းဖောက်အလို
ဝန်မတိုနှင့်၊
သူ့ကိုဂုဏ်နှိမ့်
ကိုယ့်ဂုဏ်နိမ့်၏ " (မန်လည်ဆရာတော် - မဃဒေ၀)
၅၈ - သူတစ်ပါးက မိမိထက်သာတာကိုမြင်ရလို့ ဝမ်းသာလိုက်ရင် မုဒိတာခေါ်တဲ့
ကုသိုလ်ဖြစ်တယ်။ မနာလိုလိုက်ရင် ဣဿာဆိုတဲ့ အကုသိုလ်ဖြစ်တယ်။ အဲဒီတော့
ပညာရှိသူတော်ကောင်းမှန်ရင် အရည်မရ၊ အဖတ်မရတာချင်း အတူတူ အလကားနေရင်း
အကုသိုလ်အဖြစ်မခံပဲ ကုသိုလ်ဖြစ်အောင် ကြိုးစားပြီး ကောင်းမြတ်တဲ့
စိတ်ထားမျိုးထားသင့်တယ်။ (ဆရာတော်တစ်ပါး)
၇၀ - "ကာမဘုံသား၊ နတ်လူများတို့
ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်
အေးမြချမ်းသာ၊ နေလိုပါလည်း
ဣဿာမစ္ဆေ၊ သူရှုပ်ပွေ၍
ထင်ခြေမကျ၊ ဆင်းရဲရတည့်။ " ( မဟာစည်ဆရာတော်ဘုရားကြီး )
၈၅ - ကာမဂုဏ်ကြောင့်သာလျှင် သောက အမျိုးမျိုးဖြစ်ရ၏
ကာမဂုဏ်ကြောင့်သာလျှင် ဘေး အမျိုးမျိုးဖြစ်ရ၏
ကာမဂုဏ်မှ လွတ်မြောက်၍ နေသောသူအား
စိုးရိမ်ပူဆွေးရခြင်း သောကသည်လည်းကောင်း ဘေးအမျိုးမျိုးသည်လည်းကောင်း
အဘယ်မှာဖြစ်ပါတော့အံ့နည်း။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
၁၁၀ - အို
… စုန္ဒ ကုသိုလ်ကောင်းမှူတို့၌ စိတ်ကူးကြံစည်ရုံမျှ နှင့်ပင်လျှင် အကျိုးကျေးဇူများလှပေ၏ဟု
ငါဘုရား ဟောတော်မှု၏။ ကိုယ်ရောနှုတ်ပါ ပြုကျင့်ပါက အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ
ရှိပါတော့အံ့နည်း။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
၁၁၂ - လက်ဦးဆရာ၊ မည်ထိုက်စွာ
ပုဗ္ဗာစရိယ၊ မိနှင့်ဘ ဟူ၍ လည်းကောင်း
ငယ်သော်ကသား၊ လိုလိုက်ငြားက
ကြီးမားသောအခါ၊ ကျားပမာ၊
မှန်စွာကြောက်ဖို့တည်း။
ငယ်သော်ကသား၊ ဆုံးမငြားက
ကြီးမားသောအခါ၊ အားပမာ၊
မှန်စွာကိုးဖို့တည်း။
ငယ်သော်သမီး၊ ဆုံးမနည်းက
ကြီးမားသောအခါ၊ မီးပမာ၊
မှန်စွာပူဖို့တည်း။
ငယ်သော်သမီး၊ ဆုံးမပြီးက
ကြီးသောအခါ၊ ထီးပမာ၊
မှန်စွာအေးဖို့တည်း။
၁၁၃ - တစ်ရံတစ်ဆစ်၊
အပြစ်အနာ၊ ရှိသောခါဝယ်၊ ကွယ်ရာခေါ်၍ ဆုံးမလေ၏ ။
သူ့ ရှေ့ 
သူ့ မှောက်၊ ပွဲပြင်ရောက်မှ၊ မြှောက်မြှောက်စားစား၊ သားအားပိုက်ဖြူး၊ မိဘကျူးသို့၊ ကျေးဇူးကိုသာ၊
ရှာ၍ချည်းဆို။
၁၅၁ -
၁၅၁ -
၁၆၈ - မိမိ ကိုယ်မိမိမှန်ကန်ကြောင်း
အထပ်ထပ် သက်သေပြနေရပြီဆိုလျှင် မှားနေပြီဟု သိလိုက်ပါ။ (
ဒေါက်တာမတင်ဝင်း )
၁၇၉ - အမျက်ထွက်သူကို
အမျက်မထွက်ခြင်းဖြင့် အနိုင်ယူရမည်။
အကျင့်မကောင်းသူကို
အကျင့်ကောင်းဖြင့် အနိုင်ယူရမည်။
နှမြောစေးနှဲသူကို
ပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်။
လိမ်ညာပြောသူကိုအမှန်ပြောခြင်းဖြင့်
အနိုင်ယူရမည်။ ( ရှင်တော် ဗုဒ္ဓမြတ်စွာဘုရား )
.................................................................................................
အရှင်ဇဝန ရေးသားပြုစုသော
အတွင်းရန်သူ
- မေတ္တာရှင် { ရွှေပြည်သာ } - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment