လူသားဟူသည် ခေတ္တခဏ အလည်ရောက်လာသော လောက၏ ဧည့်သည်သာလျှင် ဖြစ်ပါ
၏။ ဧည့်သည်အဖြစ် ခေတ္တနေရစဉ်အခိုက် မိမိအကျိုးသာမက အများအကျိုးကိုပါ သယ်ပိုးထမ်း
ဆောင်နိုင်မှသာ လာခြင်းကောင်းသော ဧည့်သည်ကောင်းတစ်ဦး ဖြစ်လာပါလိမ့်မည်။ ဧည့်သည်အ
ဖြစ် လောကအတွင်း အသက်ရှင် နေထိုင်ကျင်လည်ရစဉ်အတွင်း သူသည် ဧည့်သည်ကောင်းအဖြစ်
နေခဲ့သလော၊ ဧည့်သည်ဆိုးအဖြစ် နေထိုင်ခဲ့သလောဟူသော အချက်မှာ ထိုသူ၏ လုပ်ရပ်များ၊ အ
ကျင့်စရိုက်များကသာ အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။
လူ့ဘ၀ ခရီးလမ်းကို လျှောက်လှမ်းရာ၌ “အဆန်လမ်း” နှင့် “အစုန်လမ်း” ဟူ၍ ရှိပါ၏။ တစ်
နည်းအားဖြင့် “အခက်လမ်း” နှင့် “အလွယ်လမ်း” ဟူ၍ ဆိုနိုင်ပါလိမ့်မည်။ လူသားအဖြစ် လူသားဘဝ
ကို ဂုဏ်သိက္ခာဖြင့် ထိုက်ထိုက်တန်တန် တန်ဖိုးရှိရှိ မြင့်မြင့်မားမား တည်ဆောက်လိုသူတို့ လျှောက်
သောလမ်းသည် ခက်ခဲသော အဆန်လမ်း ဖြစ်ပါသည်။ ခက်ခဲသော အဆန်လမ်းဟု ဆိုရခြင်းမှာ
ဉာဏ်ဝီရိယများကို စူးစူးနစ်နစ် အသုံးချခြင်းနှင့် ယုတ်ညံ့သော အကုသိုလ်ဒုစရိုက်များကို ခဲခဲယဉ်း
ယဉ်း ရှောင်ကြဉ်ရခြင်းတို့ကြောင့် ဖြစ်ပါသည်။
တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာအတွက် ရည်ရွယ်ချက်ထားလျက် ဂုဏ်ရောင်ပြောင်
ရွှန်းသော ဘ၀တစ်ခုကို လွယ်လွယ်ပေါ့ပေါ့နှင့် ဖန်တီးတည်ဆောက်၍ မရနိုင်ပါ။ မည်သည့်ရည်ရွယ်
ချက်မျှ မထားရှိဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား အဖြစ်ဖြင့် ဘ၀တစ်ခုကို ဖန်တီးရခြင်းကား လွယ်ကူလှ
ပါ၏။ သို့သော် အဓိပါယ်ရှိသော၊ တန်ဖိုးရှိသော ဘ၀တစ်ခုကား မည်သည့်နည်းနှင့်မျှ ဖြစ်မလာနိုင်
ပေ။ လူသားတစ်ဦး အနေဖြင့် အလွယ်လမ်းနှင့် အခက်လမ်းဟူ၍ လမ်းနှစ်သွယ် ရှိသည့်အနက် မည်
သို့သောလမ်းကို ရွေးချယ်သည် ဆိုခြင်းမှာ လူ့ဘ၀၏ အဆုံးအဖြတ်ဖြစ်ပါသည်။
ဤသည်နှင့်စပ်လျဉ်း၍ နိုင်ငံတော် သြ၀ါဒစရိယ၊ ရွှေကျင်နိကာယ ဥပ ဥက္ကဌ သပြေကန်ဆ
ရာတော်ဘုရားကြီး၏ အဆုံးအမတော်မှာ====“ ကျောက်တုံးကို တောင်ပေါ်တင်ချင်လျှင် အတော်
ကြိုးစား တင်ရ၏။ အောက်ချလိုလျှင်တော့ ခဏကလေးနှင့် အလွယ်တကူ ရနိုင်၏။ ဂုဏ်၊ အပြစ်၌
လည်း ဤအတိုင်းပင်။ ဤကားနီတိစကား။ ဂုဏ်လိုလျှင် အတော်ကြိုးစားရ၏။ အပြစ်လိုလျှင်တော့
အလွယ်ပင်။ သင် အခက်လမ်း လိုက်လိုသလား။ အလွယ်လမ်း လိုက်လိုသလား။ ကြိုက်ရာရွေး လမ်း
နှစ်သွယ်။ ” ဟု အဆုံးအမတော်ကို ကြည်ညိုနှလုံးသွင်းအပ်လှပါသည်။
တရားကျင့်ကြံ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေတို့ကလည်း ဘ၀အတွက် မြင့်မြတ်တဲ့လမ်းကို
ရွေးချယ်နိုင်ကြပြီး ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်တိုင် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်
သတည်း။
{မင်းနန်(မော်ကျွန်း)၏ သြ၀ါဒတော်များပေါင်းချုပ်ကို ကိုးကားရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
------------------------------------------------
“အမျိုးဘာသာ၊ သာသနာရှေ့ရေး”
=====================
ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့၊
ခုလောက်မနား၊ မကြိုးစားဘူး၊
အမျိုးဘာသာ၊ သာသနာရှေ့ရေး၊
စိတ်မအေး၍၊ မျှော်တွေးဆင်ခြင်၊
ပြုကာပြင်သည်၊ လူ ရှင် သဘောပေါက်စေသတည်း။
(နှစ်ဖက်လှ ဦးကျော်လွင်)
No comments:
Post a Comment