ကျနော်စာအုပ်တစ်အုပ်
ဖတ်ဖြစ်တယ်ဗျ အဲဒီစာအုပ်ကတော့ အခုဆိုရင် ရှားပါးစာရင်းဝင်နေပါပြီ ဒီအထဲက
ဗဟုသုတအချို့ကို မျှဝေချင်တဲ့စိတ်က တားမနိုင်ဆီးမရဖြစ်လာလို့
လောလောဆယ်ရေးနေတဲ့ ထေရ၀ါဒကို ဦးခိုက်ခြင်းအပိုင်း(၂)ကိုရပ်ပြီးကြားဖြတ်တင်လိုက်တာပါ အဲ
မှားတာမှန်တာကတော့ပညာရှင်တွေပြောကြပါလိမ့်မယ်ကျနော်အနေနဲ့ကကတော့ဒီစာကို ဖတ်
ပြီးတဲ့အချိန်မှာ ကျနော်တို့ရှေးကလူကြီးတွေ သာသနာတော်ဆိုတဲ့
မြတ်ဗုဒ္ဓရဲ့အဆုံးအမထွန်းကားပြန့် ပွါးရေး သန့်ရှင်းတည်တန့်ရေးအတွက်
အလုပ်တွေအများကြီး လုပ်ခဲ့ကြတယ် အခု ကျနော်တို့အလှည့် လို့တွေးမိတယ်…“လာ
ကြကျနော်တို့အတူတူ လုပ်ကြမယ်” ။
စာအုပ်နာမယ်က သာသနမုခကျမ်း
ရေးတဲ့သူက ဆရာကြီးဦမြသိန်းထွန်း
(ပိဋကတ်တ္တရပါရဂူ-၀ိပဿနာဓမ္မပါမောက္ခ)
( ထွဋ်ခေါင်ဆရာတော်ကြီး၏မြေး)
အကြိမ်က (တတိယအကြိမ်)
ခုနှစ်က (မြန်မာ ၁၃၁၄ ခု)
ပုံနိပ်တိုက်က ယောဂီပုံနိပ်တိုက် ၂၄၅-လွီစ္စလမ်း ၊ရန်ကုန်
ထုတ်ဝေသူက ဦးမောင်ကြီး (ဆန်းလိုက်)
၂၈၃- ကရစ်လမ်း၊ရန်ကုန်အရှေ့ပိုင်း။
တန်ဖိုး ၂- ကျပ်တဲ့
အဲဒီအထဲက ဖတ်ရတာကို ပြန်ပြောပြကြောင်းပါခင် ဗျ ဒီအထဲမှာသင်္ဂါယနာ ဆိုတဲ့အခန်းပါပါတယ်
တစ်ခြား
တော် တော်နက်တဲ့ဝိပဿနာ ပွားနည်းတွေလည်းရှိပါတယ် ကျနော်မကြားတောင်
မကြားဘူးပါဘူးခင်ဗျ တချို့ဆရာတော် တွေ
၊လူပုဂ္ဂိုလ်တွေရဲ့နည်းတွေပါတယ်ဝိပဿနာအကြောင်းကို ရှင်ပြထားတာပါ။
အခုကျနော်ပြန်ပြောတာက သင်္ဂါယနာဆိုတဲ့ အခန်းပါ။
ရွာစဉ်ရွာစားမင်းလှ
သင်္ခယာဘွဲ့ခံ စလေဦပုံညစီရင်အပ်သော သာသနပဝေဏိယအလကာင်္၌ မင်းတုံးမင်းအထိ
(၁၁)ကြိမ်မြောက်သင်္ဂါယနာတင်ပြီးကြောင်းကိုတွေ့ရသည်။
ပဋ္ဌမသင်္ဂါယနာ။ ။
ရာဇဂြိုလ်ပြည်၊အဇာတသတ်မင်းသည်၊မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက်
လေးလမြောက်တွင် အရှင်မဟာကဿပ ရဟန္တာကြီးကိုအမှုးပြု၍ ရဟန္တာမြတ် ၅၀၀
တို့နဲ့(ရ) လ တိုင်တိုင် သင်္ဂါယနာတင်သည်။
ဒုတိယသင်္ဂါယနာ။ ။ဝေသာလီပြည်
ကာလာသောက မင်းသည်၊သာသနာနှစ် ၁၀၀ ၌ အရှင်မဟာယသ
ရဟန္တာကြီးကိုအမှူးထား၍ရဟန္တာ(၇၀၀) တို့နဲ့အတူ(၈) လတိုင်သင်္ဂါ ယနာတင်သည်။
တတိယသင်္ဂါယနာ။ ။ပါဋလိပုဋ်
သီရီဓမ္မာသောက မင်ကြီး သာသနာနှစ် ၂၃၅ နှစ်၌အရှင်မဟာမောဂ္ဂလိတိဿပုတ္တမထေရ်
ကြီးအမှူးပြု၍ ရဟန္တာ(၁၀၀၀)နဲ့ (၉)လ လုံး သင်္ဂါယနာ တင်ပါသည်။
စတ္တုထသင်္ဂါယနာ။ ။လကာင်္ဒီပကျွန်း
ဝဋ်ဋ၈ါမဏိမင်းသည် သာသနာနှစ် (၄၅၀)၌ ရှင်မဟာဓမ္မရက္ခိတမထေရ်ကိုအမှူးထားလျှက်
ရဟန္ဘာကြီး (၅၀၀)တို့နဲ့ပေထက်အက္ခရာတင်သည်။
ပဉ္စမသင်္ဂါယနာ ။ ။ သာဂလပြည့်ရှင်မိလိန္ဒမင်ကြီးသည် သာသနာနှစ်(၅၀၀)၌ ရှင်နာဂသိန်ကိုအမှူးထား၍ သင်္ဂါယနာတင်သည်။
ဆဋ္ဌမသင်္ဂါယနာ။ ။
သုဝဏ္ဏဘုမ္မိသထုံပြည်ဓမ္မပါလမင်းသည် သာသနာနှစ်(၉၅၆)၌ ရှင်မဟာ ဗုဒ္ဓ
ဃောသနဲ့တိုင်ပင်၍ ပိဋကတ်သုံးပုံ၏အကျဉ်းဂါထာပေါင်းတသိန်းလေးသောင်း ရှိသော
ဝိသုဒ္ဓိမဂ်အပါဝင် သင်္ဂါယနာတင်သည.်။
သတ္တမသင်္ဂါယနာ။ ။
ပုဂံပြည်အနော်ရထာမင်းသည် သာသနာနှစ်(၁၆၀၁)နှစ်၌၊အတိုရသနှစ် ၄၉၁ နှစ်တွင်၊
ရဟန္တာရှင်အရဟံကို အမှူးပြုလျှက်၊ရဟန္တာ(၁၀၀၀) တို့နဲ့အတူသင်္ဂါယနာတင်သည်။
အဋ္ဌမသင်္ဂါယနာ ။ ။
ရတနာပူရအင်းဝမြို့တော်၌ သာသနာနှစ်(၂၀၇၀)ပြည့်၊သက္ကရာဇ်(၈၈၈) ခုနှစ်
ရှမ်းသိုဟန်ဘွားသည်၊ပိဋကတ်တော်များကိုဖျက်ဆီးပစ်ရာတပြက်မြို့သားရှင်တိဿဇနနဲ့ဒုတိယဇေတ၀န်ဆရာတော်တို့၊ညှိနိုင်းတိုင်ပင်ကြကာသင်္ဂါယနာတင်ကြသည်။
န၀မသင်္ဂါယနာ ။ ။
ရတနာသိင်္ခ ကုန်းဘောင်ပြည်၊အလောင်းမင်းတရားကြီးသည်၊သာသနာနှစ်
(၂၂၉၇)နှစ်၌သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင်၊ မဟာအတုလယသဓမ္မရာဇာဂုရု၊နာမံတော်ရှိသော
မထေရ်ကြီး ကိုအမှူးပြု၍ သင်္ဂါယနာတင်သည်။
ဒသမသင်္ဂါယနာ။ ။
အင်းဝပြည်စဉ့်ကူမင်းသည်သသသနာနှစ်(၂၃၂၀)နှစ်၊သက္ကရာဇ်(၁၁၃၈) ခုနှစ်တွင်၊
ရှင်၇င်းမတိမာန်၊ရှင်နန္ဒမာလာတို့နဲ့သဂ်ွယနာတင်သည်။
ဧကဒသမသဂ်ါယနာ။
။ရတနာပုံမန္တလေးနေပြည်တော်မင်းတုံးမင်းမြတ်သည်၊သာသနာနှစ်(၂၄၁၅)နှစ်
သက္ကရာဇ်(၁၂၃၃)ခုနှစ်၌၊ပရိယတ္တိဝိသာရဒ
သီလ၀ိသုဒ္ဓိဖြစ်တော်မူသောရာဇဂုရုတံဆိပ်တော်ရ၊
ဆရာတော်ကြီးများနှင့်ပိဋကတ်သုံးပုံ၌၊လိမ္မာတော်မူကြကုန်သော၊
ရဟန်း(၂၀၀၀)တို့အပြင်၊အတွင်း
ဝန်ခန်းပတ်မြို့စားကြီးမင်းကြီးမဟာဥဇနာ၊ယောမြို့စားမင်းကြီးမင်းလှမဟာစည်သူ၊သံတော်ဆင့်မိုင်းခိုင်းမြို့စားသီရိဇေယျသူ၊သံတော်ဆင့်နေမျိုးရာဇစည်သူတို့ကိုကြပ်စေ၍(၅)နှစ်ကျော်မျှရေးသားထုလုပ်စေသော၊
ဝိနည်း၅
ကျမ်းပါဠိတော်ကျောက်ချပ်ရေ(၁၀၀)အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်ကျောက်ချပ်ရေ
(၂၀၈)ချပ်၊သုတ်သုံကျမ်းပါဠိတော်ကျောက်ချပ်ရေ(၄၁၀)တို့ကိုကုသိုလ်တော်၊လောကမာရဇိန်စေတီတော်ကြီးအတွင်း၊အုတ်ပြာဿတ်ဂူ၊(၇၂၈)လုံးတည်တော်မူ၍စုစုပေါင်းကျောက်ချပ်ရေ(၇၂၈)တွင်၊
ကျောက်စာပိဋကတ်တော်များကို၊သေလက္ခရသင်္ဂါယနာတင်သည်။
ဒါ
စလေဦးပုံညရဲ့သင်္ဂါယနာတင်စာရင်းပါ၊ပဉ္စမအကြိမ်ကနေ၊ဒသမအကြိမ်ထိသင်္ဂါယနာတင်စာရင်းဟု
ဆရာတော်ကြီပညာရှင်ကြီးများအမှတ်မယူသော်လည်း၊ရှေးမြန်မာတို့သည်မိမိတို့၏စွမ်းအေားရှိသ
လောက်
သာသနာတော်တည့်တန့်ရေး၊သန့်ရှင်းရေး၊ပြန့်ပွါးရေးကို၊ဦးလည်မသုံထမ်းရီကခဲ့ကြပါသည်
ဆိုသောအထောက်ထား ကိုပြနိုင်ခဲ့ပါသည်ဟုဆိရပါမည်၊
No comments:
Post a Comment