မိထွေးတော် ပဇာပတိဂေါတမီ၏ သမီးအရင်း ဇနပဒကလျာဏီသည် ဗုဒ္ဓမြတ်စွာက
ကပိလ၀တ်သို့ ကြွ၍ နန္ဒမင်းသား၊ ရာဟုလာ၊ မိထွေးတော်ဂေါတမီတို့ ရဟန်းပြု၊ ရဟန်းမ
ပြုကြသောအချိန်မှစ၍ မယ်တော်ကြီးထံ သွားရောက်၍ ရဟန်းမ ပြုလေ၏။
ဇနပဒကလျာဏီသည် ရဟန်းပြုပြီးသော နေ့မှစ၍ မြတ်ဗုဒ္ဓက ရုပ်အဆင်းကို ကဲ့ရဲ့
တော်မူ၏ဟု အောက်မေ့ကာ ဗုဒ္ဓမြတ်စွာထံ မဆည်းကပ်ရဲချေ။ အဆုံးအမ သြ၀ါဒခံယူရန်
အလှည့်ရောက်သော်လည်း ကိုယ်တိုင်မသွားဘဲ အခြားဘိက္ခုနီမကိုသာ ကိုယ်စားလွှတ်၍
အဆုံးအမ သြ၀ါဒကို ယူဆောင်စေ၏။
ဗုဒ္ဓမြတ်စွာသည် နန္ဒာထေရီမ၏ ရုပ်ရည်၌ မာန်ယစ်၍နေကြောင်း သိတော်မူ၍ “ဘိက္ခု
နီမများသည် မိမိအတွက် သြ၀ါဒကို မိမိ ကိုယ်တိုင်သာ လာရောက်၍ ခံယူကြရမည်၊ ဘိက္ခုနီမ
များသည် အခြားဘိက္ခုနီမကို ကိုယ်စား မလွှတ်ရ ” ဟု ထပ်ဆင့်၍ အမိန့်ထုတ်ပြန်တော်မူလေ
၏။ ထိုအခါ ရူပနန္ဒာထေရီမသည် ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ဘဲ အလိုမရှိဘဲ အဆုံးအမခံရန်
ဗုဒ္ဓမြတ်စွာထံသို့ သွားရတော့၏။
ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီ၏ စရိုက်နှင့် လိုက်လျောညီညွှတ်အောင် ကြိုတင်၍
တန်ခိုးတော်ဖြင့် မိန်းမလှ နိမ္မိတရုပ်တစ်ခုကို ဖန်ဆင်းလျက် ကိုယ်တော်မြတ်ကို ယပ်ခတ်ပေး
နေသည့်ဟန် ဖန်ဆင်း၍ ထားတော်မူလေသည်။ ရူပနန္ဒာထေရီသည် ထိုနိမ္မိတ မိန်းမလှရုပ်ကို
မြင်ရလေလျှင် “ အော် .. ငါသည် အကြောင်းမဟုတ်ဘဲလျက် မေ့လျော့ကာ မြတ်စွာဘုရားရှင်
ထံတော်သို့ မလာမိချေတကား၊ ၌သို့ တင့်တယ်လှသည့် မိန်းမများသည်လည်း မြတ်စွာဘုရား
အနီး၌ အကျွန်းတ၀င် ၀တ်ပြုကာ လှည့်လည် နေထိုင်ကြကုန်၏။ ငါ၏ အဆင်းကား ဤ မိန်းမ
လှတို့၏ အဆင်းနှင့် နှိုင်းဆလျှင် တစ်ဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ် (၁၆x၁၆=၂၅၆
စိတ် ) သော်လည်း တစ်စိတ်လောက်မျှ မမီပါတကား၊ ငါသည် မသိဆိုးဝါးသည့်အတွက် ဤမျှ
လောက်ကြာအောင် ဗုဒ္ဓမြတ်စွာ ထံတော်သို့ မလာရောက်မိချေတကား ” ဟု အောက်မေ့၍
ထိုနိမ္မိတ မိန်းမလှအာရုံနိမိတ်ကို ယူကာ စူးစူးစိုက်စိုက် ကြည့်ရှုလျက် ရပ်တည်နေလေ၏။
ဗုဒ္ဓမြတ်စွာသည် ရူပနန္ဒာထေရီအား ရှေးကောင်းမှုကုသိုလ်နှင့် ပြည့်စုံသောကြောင့်
“ အဌီနံ နဂရံ ကတံ ” အစရှိသော တရားကို ဟောတော်မူ၍ “ စရံ ၀ါ ယဒိ ၀ါ တိဌံ၊ နိသိန္နော
ဥဒ ၀ါ သယံ ” အစရှိသော သုတ္တနိပါတ် ပါဠိတော်လာ ၀ီဇယ သုတ္တန်ကို ဟောကြားတော်မူ
လေ၏။ ရူပနန္ဒာထေရီသည် ၀ိဇယသုတ္တန် ဒေသနာကို အဖန်ဖန် နှလုံးသွင်း၍ သုညတ ကမ္မ
ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လိုက်ရာ ၂ ရက်၊ ၃ ရက် အတွင်းပင် အရဟတ္တဖိုလ်သို့
ဆိုက်လေ၏။
ဗုဒ္ဓမြတ်စွာသည် ဇေတ၀န်ကျောင်းတော်၌ နန္ဒာထေရီအား “ ရဟန်းတို့ ဈာန်ဝင်စား
လေ့ရှိကြသော ငါဘုရား၏ တပည့်မ သာဝိကာ ဘိက္ခုနီမတို့တွင် နန္ဒာထေရီ ဘိက္ခုနီမသည်
အသာဆုံး အမြတ်ဆုံး ” ဟု ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးမြှောက်တော် မူလေ၏။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
နုတ်ရေးသားပါတယ်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-----------------------------------------------------
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က သာလျှင်
မြင့်မြတ်တာကို သိနိုင်သည်။
မြင့်မြတ်တာကို သိတဲ့သူတွေကသာလျှင်
မြင့်မြတ်တာကို ပြန်ပေးနိုင်သည်။
မြင့်မြတ်တာကို ပေးနိုင်သူတွေက သာလျှင်
ပေးတိုင်းမကုန်ဘဲ မြင့်မြတ်တာတွေအမြဲ ဆောင်ထားနိုင်သည်။
(ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)
No comments:
Post a Comment