Saturday, February 15, 2014

“သုဒတ္တသုတ္တန်”


သုဒတ္တဆိုတာ ဇေတဝန်ကျောင်းဒကာ အနာတပိဏ်ရဲ့ငယ်နာမည်ပါ။ သူလှူ
ထားတဲ့ ဇေတဝန်ကျောင်းတော်ဆီ တစ်နေ့(၃)ကြိမ်ရောက်တယ်လို့ အဓမ္မပဒ
ဋ္ဌကထာမှာ ဖွင့်ပြပါတယ်။



မနက်ပိုင်းလာတဲ့အခါ ယာဂု ဆန်ပြုတ်တွေယူလာတယ်။ ဆွမ်းစားချိန်ဆိုရင်
ဆွမ်းပေါ့။ နေ့လည်ပိုင်းကျတော့ ရဟန်းသံဃာတော်တွေနဲ့ အပ်စပ်တဲ့အဖျော်
ရည်စသဖြင့်။ ညနေပိုင်းကျတော့ ပန်းနံ့သာ။ လှူစရာမပဲါ ကျောင်းကိုလာတဲ့အ
ခါရယ်လို့ မရှိဘူး။ အနာထပိဏ်သူဌေးကြီးကျောင်းကို လာတိုင်းပဲ လက်ထဲမှာ
လှူစရာတစ်ခုမဟုတ် တစ်ခုတော့ ပါလာတာချည်းပဲတဲ့။ ဒီခေတ်ကျောင်းဒကာ
တို့နဲ့တော့ ကွာတာပ။

ကျောင်းရေစက်ချတဲ့နေ့တစ်နေ့ပဲလာတယ်။ နောင်သေတဲ့အထိကိုယ်လှူထား
တဲ့ ကျောင်းတစ်ခါမှ ရောက်မလာတော့တဲ့ ကျောင်းဒကာတွေ အများကြီးရှိ
တယ်။ အနာထပိဏ်သူဌေးကြီးကို မြတ်စွာဘုရားဟောတော်မူတဲ့ တရားက
သုပ္ပဝါသာမင်းသမီးကိုဟောတဲ့ တရားနဲ့အတူတူပါပဲ။ မတူတဲ့အပိုင်းလေးကို
တော့ ကောက်နှုတ်တင်ပြလိုက်ပါမယ်။

အကြင်သူသည်(ကိုယ်နှုတ်နှလုံးကို) စောင့်စည်းတတ်ကုန်သော၊ သူတစ်ပါး
တို့ပေးသည်ကို စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သောအခါကာလ၌
ရိုသေစွာဘောဇဉ်ကိုပေးလှူ၏။ ထိုသူသည် အသက်ကိုလည်းကောင်း အဆင်း
ကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ဤ
လေးမျိုးသောအရာတို့ကို ပေးလှူသည်မည်၏။ အသက်၊ အဆင်း၊ ချမ်းသာ၊
ခွန်အားကို ပေးလှူတတ်သူသည် အကြင်အကြင်ဘုံဌာန၌ဖြစ်၏။

ထိုထိုဖြစ်ရာလေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည်လည်းကောင်း၊ အခြံ
အရံများခြင်းသည်လည်းကောင်း ဖြစ်ရလေသတည်း။ ။

အရှင်ဝိစိတ္တာလင်္ကာရ(ရွှေစုန်းချောင်းဆရာတော်)
Buddhavasa Tiloka

No comments:

Post a Comment