Monday, April 7, 2014

အာရက္ခသမ္မဒါ ထိန်းသိမ်းစောင့်ရှောက်မှု။

       အာရက္ခသမ္မဒါဟူသည် ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို မကုန်သင့်တာ မကုန်အောင်၊
မပျက်စီးသင့်တာ မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်၏။
         မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါး၊ မဖျက်ဆီးနိုင်အောင်
စောင့်ရှောက်ရသကဲ့သို့ ဥစ္စာငွေကြေးကို စည်းကမ်းတကျ သုံးစွဲခြင်းဖြင့် မကုန်သင့်တာ မကုန်

အောင်လည်း စောင့်ရှောက်ရ၏။
         အသုံးနှင့် အဖြုန်းတွင် အသုံးသာရှိပြီး အဖြုန်းမရှိလျှင် ကြီးပွားတိုးတက်မည်သာ ဖြစ်၏။
စားဝတ်နေရေးအတွက် မ၀ယ်မဖြစ်၍ ၀ယ်ရခြင်းသည် အသုံးဖြစ်၍ မ၀ယ်ဘဲဖြစ်လျက် ဂုဏ်တု
ဂုဏ်ပြိုင် လုပ်လို၍ ၀ယ်ယူခြင်းသည် အဖြုန်းဟု ခွဲခြားနိုင်သည်။
         ဤအချက်နှင့် ပက်သက်၍ အင်္ဂုတ္တိုရ်ပါဠိတော်၊ ကုသသုတ်လာ ပစ္စည်းဥစ္စာများ ကြာမြင့်
စွာ တည်တံ့ခြင်း အကြောင်းလေးပါးနှင့် ကြာမြင့်စွာ မတည်တံ့ခြင်းအကြောင်း လေးပါးမှာ =
      ၁။ ပျောက်သော ပစ္စည်းဥစ္စာကို ရှာဖွေခြင်း။
      ၂။ ဟောင်းနွမ်းသော ပစ္စည်းကို ပြုပြင်ခြင်း။
      ၃။ အတိုင်းအရှည် ပမာဏကို ချင့်ချိန်၍ စားသောက်သုံးဆောင်ခြင်း။
      ၄။ အကျင့်သီလနှင့် ပြည့်စုံသော မိန်းမကို ဖြစ်စေ၊ ယောက်ျားကို ဖြစ်စေ၊ အကြီးအကဲ
          “ဘဏ္ဍာစိုး” အရာ၌ထားရှိခြင်းတို့ ဖြစ်ပါ၏။
 { မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့် စီးပွားရှာခြင်းမှ ကူးယူရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment