အနာထပိဏ် သူဌေး၌ သားမိုက် တစ်ယောက်ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာ
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။
သား မောင်ကာဠကို ဖခင်၏ခြေရာ နင်းစေချင်သော အနာထပိဏ် သူဌေးကြီးသည်
တစ်နေ့ ဥပုသ်စောင့်လျှင် ငွေတစ်ရာပေးမည်ဆိုကာ မောင်ကာဠကို ကျောင်းတော်သို့သွား၍
ဥပုသ် စောင့် ခိုင်း၏။ ဖြုန်းဖို့ ငွေလိုနေသော မောင်ကာဠသည် ဇေတ၀န် ကျောင်းတော်သို့
သွား၍ ဥပုသ်စောင့်၏။ ညအချိန်တွင် အခြားဥပုသ်သည်များလိုပင် ဇေတ၀န်ကျောင်း၌ အိပ်
တော့အိပ်ပါ၏။ မြတ်စွာဘုရား၏ တရားတော်ကိုတော့ မနာပေ။ နံနက်လင်း၍ အိမ်ပြန်လာ
သောအခါ ဥပုသ်စောင့်ခအဖြစ် ငွေတစ်ရာ ရလိုက်၏။
နောက်တစ်နေ့၌ ဥပုသ်စောင့်သွား၍ မြတ်စွာဘုရား ဟောတော်မူသည့် တရားထဲမှ
တစ်စုံတစ်ရာ မှတ်မိလျှင် ငွေတစ်ထောင် ပေးမည်ဟု သူ့ဖခင်က ပြောသဖြင့် မောင်ကာဠ
ကျောင်းသို့သွား၍ ဥပုသ်စောင့်ပြီးလျှင် ည တရားကို သေသေချာချာ နာရင်းနှင့် တရား သ
ဘောပေါက်ကာ တရားနာရင်း တရားရှုမှတ်သဖြင့် တရားဆုံးသောအခါ သောတာပတ္တိမဂ်
ဉာဏ် ဖိုဉာဏ် ကို ရသွား၏။
နံနက်လင်း၍ အိမ်ပြန်သောအခါ တည်ကြည်ငြိမ်သက်လှသော မောင်ကာဠသည်
သူ့ဖခင်(အနာထပိဏ်) သူဌေးကြီးက ဥပုသ်စောင့်ခ ဆိုကာ ငွေတစ်ထောင် ပေးလိုက်မည်ကို
ရှက်နေ၏။
မြတ်စွာဘုရားက မောင်ကာဠဟာ စကြ၀တေးမင်း စည်းစိမ်ထက် သာသည့်အရာ
( သောတာပတ္တိ မဂ်ဉာဏ်)ကို ရနေပြီ ဖြစ်၍ ငွေတစ်ထောင်ကို မမက်တော့ကြောင်း ဟော
တော်မူလေသည်။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment